ပြည်တွင်းက နာမည်ကြီး ဘောလုံးအင်တာနက်စာမျက်နှာတစ်ခုမှာ မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ ပွဲစဉ်ရေးဆွဲခြင်းနှင့် စပွန်ဆာစာချုပ်များ ချုပ်ဆိုခြင်းအခမ်းအနား မှတ်တမ်းတင်ဓာတ်ပုံများဆိုတာကို ကြည့်ဖြစ်ပါတယ်။ အခုလိုမျိုး ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်ခွင့်ရအောင် တင်ပေးခဲ့တဲ့ အဲဒီစာမျက်နှာကိုလည်း ကျေးဇူးတင်မိပါတယ်။ မဟုတ်ရင် အဲဒီလိုအခမ်းအနားမျိုးတွေကို ကျွန်တော်တို့တွေ ဘယ်မှာလာပြီး ကြည့်ခွင့်ရလိမ့်မလဲ။ တစ်ဆက်တည်းမှာပဲ အဲဒီလို ကြည့်ခွင့်ရမိခြင်းနဲ့အတူ သက်ပြင်းမောကြီးတွေချပြီး စိတ်ပင်ပန်းသွားမိတာလည်း အမှန်ပါပဲ။ အဲဒါကြောင့်လည်း မပြောချင်ပေမယ့် စိတ်ထဲမှာဖြစ်နေတာတွေကို ဒီစာရေးပြီး ပြောဖြစ်လိုက်ပါတယ်။ အမြင်မတူတာများစွာ ရှိနိုင်မှန်းသိပေမယ့်လည်း ပြောသင့်တယ်ထင်လို့ ပြောလိုက်ပါတယ်။
နိုင်ငံခြားကစားသမားတွေ
ပထမဆုံး မပြောမဖြစ် ပြောချင်တာကတော့ ပြည်တွင်းကလပ်အသင်းတွေက အပြိုင်အဆိုင် ခေါ်ယူထားကြတဲ့ နိုင်ငံခြားကစားသမားတွေပါ။ နိုင်ငံခြားကစားသမားတွေ ဆိုပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်းပဲ အများစုဟာ အာဖရိကနိုင်ငံတွေက ဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေက MNL ဆိုတာ မြန်မာ-နီဂရိုးလိဂ်လို့တောင် ခေါ်ကြရတဲ့အထိ အာဖရိကန်ဘောလုံးသမားတွေ ကြီးစိုးနေတာကို အားလုံးအသိပါ။ ဒီနေရာမှာ အာဖရိကန်ဘောလုံးသမားတွေနဲ့ ပတ်သက်ပြီး ပြောစရာတွေက အများကြီးရှိပါတယ်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးက လိဂ်အသီးသီးမှာလည်း အာဖရိကန်ဘောလုံးသမားတွေက ခြေစွမ်းပြနေရာရနေတာကို ဘောလုံးဝါသနာရှင်တိုင်း အသိပါ။ ပထမအချက်က သူတို့ကိုပေးရတဲ့ လစာငွေဟာ အခြားနိုင်ငံက ဘောလုံးသမားတွေထက် သက်သာတဲ့အချက်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လုပ်အားခသက်သာတဲ့အတွက် ကုမ္ပဏီကြီးတွေက အဲဒီလိုနိုင်ငံတွေမှာ စက်ရုံတွေလာတည်ထောင်ကြတာကို စာဖတ်သူတိုင်း သိပြီးဖြစ်မှာပါ။ အခုလည်း ထိုနည်း၎င်းပါပဲ။ အရည်အချင်း တူရင်တောင်မှ အခြားနိုင်ငံက ဘောလုံးသမားတွေထက် အာဖရိကန်ဘောလုံးသမားတွေက လုပ်ခလစာ သက်သာတဲ့အတွက် မိမိတို့အသင်းတွေမှာ အာဖရိကန်တွေကို ခေါ်ယူကြတာဖြစ်ပါတယ်။ သူတို့မှာ အားသာချက်ကတော့ အရပ်အမောင်းကောင်းတာ၊ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်တောင်းတင်တာနဲ့ သက်လုံကောင်းတာ ဖြစ်မယ်ထင်ပါတယ်။ ဘောလုံးကျွမ်းကျင်မှုကတော့ အခြားနိုင်ငံက ဘောလုံးသမားတွေထက် ခေါင်းတစ်လုံးလည်းမသာဘူး၊ နှာတစ်ဖျားလည်း မသာဘူးလို့ ဆိုချင်ပါတယ်။
ဆိုးတာလည်းရှိတယ်
အခြားနိုင်ငံက ကလပ်အသင်းတွေမှာလည်း ပြဿနာရှာတတ်တဲ့ ကစားသမားတွေဟာ အာဖရိကန်တွေများပါတယ်။ လူမျိုးရေးခွဲခြားတာ၊ အသားအရောင် ခွဲခြားတာမဟုတ်ပါဘူး။ အဓိက,ကတော့ ယဉ်ကျေးမှု ဓလေ့စရိုက်မတူတာပါပဲ။ ဥရောပလို နိုင်ငံမျိုးမှာတောင် အာဖရိကန်ကစားသမားတွေနဲ့ ပတ်သက်လာရင် ဘယ်လောက်ခါးသီးတယ်၊ ဘယ်လောက်အတိုက်အခံများတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါဆိုရင် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို အလေးထားတဲ့ ကျွန်တော်တို့နိုင်ငံအတွက်ဆိုရင် ပိုလို့တောင် ရင်လေးစရာ ကောင်းမနေဘူးလားလို့ တွေးနေမိတယ်။ မကြာသေးခင်ကပဲ မြန်မာနေရှင်နယ်လိဂ်မှာ ကစားဖို့အတွက် လာရောက်အစမ်းသပ်ခံတဲ့ ကစားသမားနှစ်ယောက်ကို အမေရိကန်ဒေါ်လာ အတုပြုလုပ်မှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေကို အားလုံးဖတ်ခဲ့ရပြီး ဖြစ်မှာပါ။ အခုနောက်ပိုင်း ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ အာဖရိကန်ကစားသမားတွေနဲ့ မြန်မာမလေးတွေ တပူးပူးတတွဲတွဲနဲ့ ယိုသူမရှက်၊ မြင်သူရှက်တွေ ဖြစ်လာနေတာကို ကြားသိနေရပါတယ်။
ဆေးအတွက် မလေးကြစေဖို့
အခုလိုပြောနေတာတွေဟာ အပြစ်တင်နေတာ၊ အပြစ်ရှာနေတာ မဟုတ်ပါဘူး။ မြန်မာနေရှင်နယ်လိဂ်တစ်ခု အခုလို အောင်အောင်မြင်မြင် ဖြစ်လာဖို့အတွက် တာဝန်ရှိသူတွေနဲ့ ကလပ်အသင်းပိုင်ရှင်တွေ ဘယ်လောက်အထိ ကြိုးစားထားရတယ်၊ ရင်းနှီးမြှုပ်နှံထားရတယ်ဆိုတာကို သိနေလွန်းလို့ ပြောနေရတာ ဖြစ်ပါတယ်။ အချိန်တွေ၊ ပိုက်ဆံတွေအများကြီးရင်းပြီး မြန်မာပြည်သူလူထုအတွက်၊ မြန်မာ့ဘောလုံးလောကအတွက် ပိုမိုကောင်းမွန်အောင် လုပ်နေကြတာမှန်ပေမယ့် တစ်ဖက်ကလည်း မြန်မာတို့ရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ မြန်မာတို့တန်ဖိုးထားတဲ့ စံတွေကို ပွန်းပဲ့လာတာမျိုး၊ လျစ်လျူရှုလာတာမျိုး ဖြစ်လာမှာစိုးတဲ့အတွက်ပါ။ ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်တစ်ခု ဖြစ်ဖို့အတွက် ဆယ်စုနှစ်တစ်ခုကြာအောင် ကြိုးပမ်းစရာမလိုဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဘိုးဘွားဘီဘင်တွေက အစဉ်အဆက် ထိန်းသိမ်းလာခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ China Town ဆိုတာ ရှိတယ်လို့ဖတ်ရမှတ်ရပါတယ်။ တရုတ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ချီးကျူးရမှာလား၊ သူတို့တွေရဲ့ လွှမ်းမိုးနိုင်မှုကိုပဲ အံ့သြရမှာလား၊ အဲဒီနိုင်ငံတွေအတွက်ပဲ ရင်မောရမှာလားဆိုတာတော့ ကျွန်တော်မပြောတတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း ဘောလုံးအသင်းတွေမှာ အာဖရိကန်တွေ အလုံးအရင်းနဲ့ နေရာရလာနေတဲ့အတွက် အာဖရိကန်ယဉ်ကျေးမှုတွေ၊ အာဖရိကန်စရိုက်တွေ မြန်မာဘောလုံးသမားလေးတွေဆီကို ကူးစက်လာမှာကို စိုးရိမ်နေမိလို့ပါ။ မြန်မာနေရှင်နယ်လိဂ် ကျင်းပပြုလုပ်တာဟာ မြန်မာဘောလုံးလောက တိုးတက်လာစေဖို့၊ မြန်မာဘောလုံးသမားတွေရဲ့ ဘ၀တွေ တိုးတက်မြင့်မားလာစေဖို့၊ မျိုးဆက်သစ်မြန်မာလူငယ်လေးတွေ ပေါ်ထွန်းလာစေချင်လို့ ဖြစ်တယ်လို့ပဲ ကျွန်တော်နားလည်ထားပါတယ်။ အာဖရိကန်ကစားသမားတွေ လွယ်လွယ်ကူကူနဲ့ ပိုက်ဆံရှာတဲ့နေရာ ဖြစ်မသွားအောင်၊ နှစ်ဖက်ခွစားတဲ့ ပွဲစားအေးဂျင့်တွေ လုပ်ချင်သလိုလုပ်ခွင့်ရတဲ့ နေရာမဖြစ်အောင်၊ မြန်မာဘောလုံးသမားတွေက အရံခုံမှာထိုင်ပြီး နိုင်ငံခြားသားတွေ ကန်တာကိုပဲ ထိုင်ကြည့်နေရတဲ့ ပြိုင်ပွဲမဖြစ်အောင် ၀ိုင်းဝန်းကြံဆောင်သင့်ကြတယ်လို့ မြင်မိပါတယ်။
မြန်မာမလေးတွေမှဟုတ်ရဲ့လား
နောက်တစ်ခုကတော့ အဲဒီမှတ်တမ်းတင်ဓာတ်ပုံတွေထဲမှာ မြင်လိုက်ရတဲ့ မဲခွဲပွဲက ဆိုင်းဘုတ်ကိုင် မြန်မာမလေးတွေရဲ့ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ဒီခေတ်ကြီးမှာ ဒီလောက်ဝတ်တာလောက်ကို စာဖွဲ့နေသေးတယ်လို့ ကျွန်တော့်ကို မေးငေါ့ကြရင်လည်း ခံဖို့အသင့်ပါပဲ။ သေချာတာကတော့ ပေါင်ပေါ်တာ၊ သလုံးပေါ်တာဟာ မြန်မာ့ယဉ်ကျေးမှုအရတော့ အရှက်မရှိတာပါပဲ။ ကိုယ့်မှာရှိတဲ့ဟာတွေကို သူများတကာ မမြင်,မြင်အောင် ပြတယ်ဆိုတာဟာ ကိုယ့်ခန္ဓာကိုယ်ကို ပြစားတာ၊ တစ်နည်း ရောင်းစားတာပဲလို့ ကျွန်တော်က ဆိုချင်ပါတယ်။ ဓာတ်ပုံထဲက ဖွေးဖွေးဖြူနေတဲ့ မြန်မာမလေးတွေကိုကြည့်ပြီး အဲဒါဟာ ငါတို့ဆီက မြန်မာမလေးတွေမှ ဟုတ်ရဲ့လားလို့ တွေးနေမိတယ်။
ဝတ်တဲ့လူက၀တ်တယ်၊ ကြည့်တဲ့လူကကြည့်တယ်
အဲလိုဆိုတော့ ခင်ဗျားရောမကြည့်ဘူးလားလို့ ကျွန်တော့်ကိုမေးလာရင် ကြည့်တာပေါ့ဗျာလို့ အမှန်အတိုင်း ဖြေမိမှာပါပဲ။ တချို့ကတော့ ၀တ်တဲ့လူကတောင် ၀တ်သေးတာပဲ၊ ကြည့်တဲ့လူက ဘာကိစ္စ မကြည့်ရဲရမှာလဲလို့ ပြောတတ်ကြသေးတယ်။ ဒါပေမယ့် ယောက်ျားစိတ်နဲ့ ကြည့်တယ်ဆိုတာကိုတော့ နားလည်ကြဖို့ကောင်းတယ်။ အဲဒီအထဲမှာ ကိုယ့်နှမ၊ ကိုယ့်အစ်မတွေများပါနေရင် ဘယ်နှယ့်လုပ်ကြမတုန်း။ လူမြင်ကွင်းမှာတောင် ရှိသမျှအရာတွေကို ဖော်ပြပြီး မရှက်မကြောက် ၀တ်ရဲတယ်ဆိုတဲ့ အမျိုးသမီးလေးတွေဟာ လူမမြင်ကွယ်ရာမှာဆိုရင် ဘယ်လိုနေမလဲဆိုတာ စာဖတ်သူကပဲ စဉ်းစားကြည့်စေချင်ပါတယ်။ အားလုံးကို မဆိုလိုပေမယ့် အများစုကတော့ အဲဒီအတိုင်းပဲ ဖြစ်နေတာကို သိကြမှာပါ။ အ၀တ်အစားဝတ်တာပဲ ကိုယ်ကြိုက်တာ ကိုယ်ဝတ်မှာပေါ့ဆိုရင်လည်း မပြောလိုပါဘူး။ ၀တ်ကြပါ၊ ကြိုက်သလိုဝတ်ကြပါ။ ဒါပေမယ့် အဲဒီလို လူတကာက ယောက်ျားစိတ်နဲ့ ၀ိုင်းကြည့်တဲ့ မိန်းကလေးမျိုးကို ဘယ်ယောက်ျားကမှ မြတ်မြတ်နိုးနိုး တန်ဖိုးထားမှာ မဟုတ်ဘူးဆိုတာကို သိနားလည်စေချင်ပါတယ်။
မြန်မာစိတ်လေး မွေးစေချင်ပါတယ်
ကျွန်တော်တို့နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံမဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတစ်ခုလည်း မဖြစ်သေးပါဘူး။ ဒါပေမယ့် သဘာဝအလှအပတွေနဲ့ အေးချမ်းသာယာတဲ့နိုင်ငံ၊ ဘာသာတရားရဲ့ အဆုံးအမတွေနဲ့အတူ ယဉ်ကျေးပျူငှာတဲ့ နိုင်ငံအဖြစ်တော့ လက်မထောင်ပြီး နေနိုင်ပါသေးတယ်။ မြန်မာလူမျိုးတွေအတွက် ဒီလောက် ရာသီဥတုမျှတတဲ့နိုင်ငံ၊ ဒီလောက်အေးချမ်းသာယာတဲ့နိုင်ငံ ကမ္ဘာပတ်ရှာရင်တောင် မတွေ့နိုင်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်ဖို့ဆိုတာ ပိုက်ဆံရှိရင် အချိန်မရွေး လုပ်လို့ရပါတယ်။ ဒါပေမယ့် အကျင့်စာရိတ္တတွေ၊ စိတ်ဓာတ်တွေ ပျက်စီးသွားရင်တော့ ငွေနဲ့ပေးဝယ်လည်း မရပါဘူး၊ ရွှေနဲ့ဆက်လို့လည်း မရတတ်ပါဘူး။ အဲဒါကြောင့် ဘာခေတ်ကြီးပဲ ဖြစ်နေဖြစ်နေ မြန်မာစိတ်ကလေးတော့ မွေးကြစေချင်တယ်လို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။
ဓာတ်ပုံတွေကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်၊ တနင်္လာနေ့။
နံနက် ၉ နာရီ ၅၆ မိနစ်တွင်ပြီး၏။
ကျနော် ကိုဥာဏ်အတွေးတွေကို မှားတယ်လို့တော့ မဝေဖန်လိုပါဘူးဘူး။
ReplyDeleteဒါပေမယ့် ကျနော်ခေါင်းထဲမှာ စဉ်းစားမိတာက အားကစားနဲ့ ပတ်သတ်ပြီး လုပ်တဲ့ပွဲတစ်ခုမှာ ဘောင်ဘီတိုဝတ်ပြီး စင်ပေါ်တတ်တာ မထူးဆန်းလှပါဘူး။
မြန်မာဆန်အောင်ဆိုပြီး မြန်မာအမျိုးသမီးတွေ ဘောလုံးကန်ရင် ရင်ဖုံးအကျီနဲ့ ချိတ်ထဘီဝတ်ပြီး ကန်ပေးရမလား ရင်ဖုံးအကျီနဲ့ ဘောလုံးကန်ရင်ဆိုတဲ့ အတွေးနောက်မှာ မြန်မာရင်ဖုံးကတော့ ခါးတိုတယ် နောက်ပြီး နှိပ်သီးဆိုတဲ့အတွက် ပြုတ်လွယ်ပါတယ်။ အဲဒါဆိုရင်တော့ မြန်မာအမျိုးသမီးတစ်ယောက်က ကွင်းလယ်မှာ အကျီကျွတ်ရင်တော့ အချိန်အခါ နေရာဒေသအလိုက် ၀တ်စားဆင်ယင်မှု ရွေးချယ်မှု အားနည်းလို့ပဲ ဖြစ်ပါတယ်။ ရေကူးကန်မှာ ရေကူးဝတ်စုံကလွဲပြီး အခြားအကျီဝတ်ပြီး ရေကူးခွင့်မပေးပါဘူး မွတ်စလင်နိုင်ငံက မွတ်စလင်တွေက လွဲလို့ပါ။ ငါကတော့ မြန်မာမိန်းကလေးမို့ ရင်ရှားပြီး ရေကူးမယ်ဆိုပြီး ရေကူးကန်မှာ လုပ်လို့မရပါဘူး။ နေရာဒေသအချိန်အခါ အခြေနေအလိုက် ၀တ်စားဆင်ယဉ်မှုနဲ့ ရွေးချယ်ဆင်မြန်းမှုက အရေးပါပါတယ်။ ဘော်လုံးပွဲမှာ အားကစားဖက်ရှင်ဒီဇိုင်း သဘောမျိုးနဲ့ ၀တ်စားထားတဲ့ အ၀တ်အစားကို ရိုင်းတယ်၊ ယဉ်ကျေးမှုကို ဆန့်ကျင်တယ်လို့ မမြင်မိပါဘူး။ ကာယဗလမောင်တွေ အတွင်းခံဘောင်ဘီနဲ့ လူရှေ့မိန်းမတွေရှေ့ စင်ပေါ်မှာ ဗလပြနေတာကို မိုက်ရိုင်းတယ်လို့တော့ ကျမမမြင်မိပါဘူး။ အားကစားဆိုတဲ့စိတ်နဲ့ပဲ ခံစားပါတယ်။ ကျနော် တိုက်ခိုက်လိုတဲ့သဘောတော့ မရှိပါဘူး။ အမြင်မတူတာကို ဖလှယ်တဲ့သဘောပါပဲ။ အမြင်ချင်း၊ ရှုဒေါင့်ချင်း မတူတဲ့လူငယ်နှစ်ဦး ဆွေးနွေးတယ်လို့ပဲ ယူဆပြီးရေးပါတယ်။ နောက်တစ်ခုက ဆေးလိပ်သောက်တတ်တဲ့လူက smoking area ကိုသွားသောက်ပေါ့ဗျာ။ မကြိုက်တဲ့လူကတော့ အဲဒီဧရိယာကို မသွားနဲ့ပေါ့။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဧရိယာအနေအထား သတ်မှတ်ပေးထားပါတယ်။ ဆေလိပ်သောက်လို့ရတဲ့ ဧရိယာတစ်ခုမှာ ဆေးလိပ်နံ့ရတာဟာ အဆန်းမဟုတ်ပါဘူး။ ဆေးလိပ်နံ့ကို မရှူချင်ရင် အဲဒီဧရိယာကို ရှောင်ရုံပါပဲ။ အားကစားနဲ့ ပတ်သက်တဲ့ ပွဲတစ်ခုမှာ အားကစားဖက်ရှင်သဘောမျိုးနဲ့ ၀တ်တဲ့ဘောင်းဘီကို "မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လား"ဆိုတဲ့ မှတ်ချက်တစ်ခုကို ကျနော် ပြောချင်တာက ဒါဆိုလှယဉ်ကျေးမယ်ပွဲတစ်ခုမှာ ဘောင်းဘီတို ၀တ်နေရင်တော့ အဲဒီမှတ်ချက်ကို ပေးသင့်ပါတယ်။ ဒါပေမယ့် အခုပွဲက လှယဉ်ကျေးမယ်ပွဲမဟုတ်တဲ့ အားကစားနဲ့ သက်ဆိုင်တဲ့ပွဲမို့ အားကစားဆန်ဆန် ဖက်ရှင်ဒီဇိုင်းတစ်ခုကို " ငါ့ကြည့်နေတဲ့ ဓါတ်ပုံတွေက အားကစားနဲ့ ဆိုင်တဲ့ပွဲတစ်ခုက ပုံတွေပါလားလို့ " သတ်မှတ်ပြီး ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။ လူငယ်တစ်ယောက်အနေနဲ့ ပလုံးပထွေး ဝေဖန်သံတစ်ခုကို ကျနော် ပလုံးပထွေးတော့ လက်မခံချင်ပါဘူး။ အမြင်မတူတာကို ကျနော်ခံစားမိတဲ့ ရှုဒေါင့်ကနေပဲ ပြောပြတာပါ။ ကျနော်ပြောတာက အမှန်တရား မဟုတ်သလို ကိုဥာဏ်ရေးသွားတဲ့ မှတ်ချက်ကတော့ မှားနေတယ်လို့ မပြောလိုပေမယ့် ဝေဖန်ချက်က နေရာလွဲနေတယ်လို့ပဲ မြင်ပါတယ်။ တကယ်လို့များ အဲဒီဘောင်းဘီတို ပေါင်တံဖြူဖြူတွေက လှယဉ်ကျေးမယ်ပွဲ (သို့) အခြားပွဲတွေမှာဆိုရင်တော့ သင့်လျော်ကောင်း သင့်လျော်ပါလိမ့်မယ်။ ကျနော် " ဂ"ငယ်ကို ပတ်လည်ရိုက်နေတဲ့ ငြင်းခုံခြင်းမျိုး မဟုတ်ဘူးဆိုတာတော့ ဝေဖန်ချင်တယ်။
ခင်မင်လေးစားလျက်
နောက်တစ်ခုကတော့ ငမဲဘောသမားပဲဖြစ်ဖြစ်၊ ငဖြူဘောသမားပဲဖြစ်ဖြစ် ပညာအမှန်အကန်တတ်လို့ သင်ပေးတယ် သင်ပြပေးနိုင်တယ်ဆိုရင် လက်ခံပါတယ်။ ငမဲတွေ၊ ငဖြူတွေနဲ့ မဆိုင်ပါဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှုကိုတော့ လုံးဝလက်မခံပါဘူး။ ဗမာတစ်ယောက်မို့ ဘေးဖယ်၊ အေးရှန်တစ်ယောက်မို့ နောက်ဆုတ်ပြီး ဘေးဖယ်ခွဲခြားတာကို ကျနော်ငယ်ငယ်က ခံစားဖူးပါတယ်။ လူမျိုးရေးခွဲခြား၊ အသားအရောင်ခွဲခြားတာကို အလွန်မုန်းပါတယ်။ လူကို လူလို့မြင်ပြီး လူစိတ်ရှိနေသမျှတော့ ကိုယ်မတတ်တဲ့ အတတ်ပညာ၊ အသိပညာကို သင်ပြပေးမယ်ဆိုရင် ဘယ်လိုလူမျိုးဆီကမဆို သင်ယူရမှာပါပဲ (ဒါက ကျနော် အမြင်ပါ) အာရှသားတစ်ယောက်မို့ မသင်္ကာလို့ ရဲက အမြင်ကတ်ပုဒ်မနဲ့ ရစ်တာကိုလဲ ကျနော်ခံရဖူးပါတယ်။ ဗမာတစ်ယောက် ဖြစ်နေတဲ့အတွက် လ၀က,က ခြိမ်းလား၊ ခြောက်လားလုပ်ပြီး ရမလားဆိုပြီး ငွေညှစ်တာကိုလဲ ကြုံဖူးပါတယ်။ ပတ်စပို့စ်ကိုကြည့်ပြီး " မင်းကဗမာလား ခဏနေအုံး" ဆိုပြီး ဘေးဖယ်ထားပြီး တစ်ခြားနိုင်ငံသား အားလုံးပြီးမှ စိမ်ပြေနပြေ ထိုင်ရစ်ပါတယ်။ အဲဒီလို လူမျိုးရေးတွေ အသားအရောင်တွေ ခွဲခြားပြီး နှိမ်ချတတ်တဲ့အလုပ်ကို ကျနော်လုံးဝလက်မခံပါဘူး။ ကိုယ်တိုင်လဲ ခံစားဖူးပါတယ်။ ကိုယ်တိုင်ခံစားဖူးမှ သိမယ်ဆိုရင်တော့ အခြေနေပေးရင် ကြုံအုံးမှာပါ။ နိုင်ငံဆင်းရဲတာ အပြစ်မဟုတ်ပေမယ့် " မင်းတို့ ဆင်ရဲသားနိုင်ငံကကောင်တွေ ငါတို့နိုင်ငံ ဘာလာလုပ်တာလဲ" ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်တာခံရဖူးသလို၊ မေးတာလဲခံရဖူးလို့ လ၀က နဲ့ ကျနော် အကြီးအကျယ် စကားများဖူးပါတယ်။ လ၀က တစ်ယောက်အနေနဲ့ ဘောင်မ၀င်တဲ့ မေးခွန်းကိုမေးတဲ့အတွက် ကျနော် အဲဒီမေးခွန်းကို ပက်ပက်စက်စက် ဖြေပေးခဲ့ပါတယ်။ ပြောကို မပြောချင်ဘူး။ ပြောရင်တော့ ဆောင်းပါးတစ်ပုဒ် ဖြစ်တော့မယ်။ ကိုဥာဏ်ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းမေးပြီး တစ်ခါတည်းပဲ ဖြေသွားပါ့မယ်။ ကိုဥာဏ် အဲဒါ အားကစားပွဲမှာပါ။ ကိုဥာဏ် အဲဒါ အားကစားဖက်ရှင်ဒီဇိုင်း ပါ။ ခေတ်နဲ့ နေရာအချိန်အခါနဲ့ သင့်လျော်ပါတယ်။ ၀တ်တဲ့သူလဲ ၀တ်ပျော်သလို၊ ကြည့်တဲ့လူလဲ ကြည့်ပျော်ပါတယ်။ ၀တ်တဲ့လူရှိလို့ ကြည့်သလို၊ ကြည့်တဲ့လူရှိလို့ ၀တ်တဲ့ခေတ်မို့ :P ပြောကို မပြောချင်ပါဘူး။ :P အဲဒီပေါင်တံဖြူဖြူလေးတွေက တရုတ်မလေးတွေလည်း မဖြစ်နိုင်ဘူးလားလို့ ရှာရှာဖွေဖွေ တွေးမိသေး။ မြန်မာဆန်ဆန် အ၀တ်လွန်ပြီး မျက်စိကျသွားရင်တော့ စောစောက ဘောဆရာငမဲတွေလက်စာ မိသွားရင်လဲ ငါ့တို့ဗမာမလေးတွေ ဘောဆရာငမဲလက်မှာ ပျော်မြူးနေကြပါလားဆိုပြီး ကိုဥာဏ်တစ်ယောက် မှတ်ချက်များ ပေးလေမလားလို့ ကြိုတွေးမိသေးတယ်။ ပြောကို မပြောချင်ပါဘူး။ :lol: အခု ပြောသွားတာတွေက ခနိုးခနဲ့လုပ်တာ မဟုတ်သလို၊ ဖဲ့တာ စောင်းတာလဲ မဟုတ်ပါကြောင်း ကြိုတင်အသိပေး အကြောင်းကြား။
ReplyDeleteစိတ်ကောင်းနဲ့ယှဉ် ရှေးရှုလေလော့ ကိုဥာဏ် :P
အခုလို ဝေဖန်ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူ၊ အတွေးမတူတာဟာ အပြစ်တင်စရာ မဟုတ်ပါဘူး။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားစရာလည်း မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အတွေ့အကြုံ၊ ကိုယ်ပိုင် ခံယူချက်နဲ့ ဖြစ်တဲ့အတွက် HM ရဲ့ ဝေဖန်မှုကို လေးစားတန်ဖိုးထားပါတယ်။ တချို့ဟာလေးတွေမှာတော့ ကျွန်တော်ပြောချင်တာနဲ့ HM ထောက်ပြတာတွေက နည်းနည်းများ အယူအဆ လွဲနေသလားလို့ပါ။ ကျွန်တော်ပေးချင်တဲ့ message နဲ့ စာဖတ်သူနားလည်တာနဲ့ တစ်ထပ်တည်းမဖြစ်ဘူးဆိုတာဟာ ကျွန်တော့်ရဲ့ အရေးအသား လိုအပ်ချက်ကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် နောင်ရေးတဲ့ပို့စ်တွေမှာ ဂရုစိုက်သွားပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ကို လာဖတ်တဲ့အတွက်ရယ်၊ ရေးထားတဲ့စာတွေကို သေသေချာချာဖတ်ပြီး ဝေဖန်ပြောဆိုပေးတဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဝေဖန်အကြံပြုမှု အားလုံးကိုလည်း မည်သူပဲဖြစ်ဖြစ် ကြိုဆိုလျက်ရှိကြောင်းပါ ခင်ဗျား။
ReplyDeleteလေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)