ဒီလောက်ပူနေတဲ့အချိန်ကာလ ရာသီဥတုကြီးမှာ မနေ့ကညနေက လျှပ်စီးတွေလက်တယ်၊ ညပိုင်းကျတော့ မိုးချုန်းသံတွေပါ ကြားရတယ်။ ကောင်းကင်ပြင်ကလည်း မည်းမှောင်သွားတာပဲ။ ညဦးပိုင်းကထွက်နေတဲ့ လကွေးကွေးလေးခမြာ ဘယ်သွားပြီး ကွေးနေရှာတယ်မသိဘူး။ ဟော... ည ၁၁ နာရီခွဲလောက်ကျတော့ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေလက်ပြီး အချိန်မဟုတ် အခါမဟုတ် မိုးတွေရွာချလိုက်ပါရောလား။ ဗီဒီယိုကြည့်နေရင်းနဲ့ မိုးရွာချိန်ထုံးစံအတိုင်း အချိန်မဟုတ် အခါမဟုတ်ဘဲ မီးတွေပျက်သွားတဲ့အတွက် အချိန်မဟုတ် အခါမဟုတ်ဘဲ အိပ်ရာဝင်လိုက်ရပါတယ်။ အိပ်ရာထဲမှာလည်း တွေးနေမိတယ်။ ဒီမြို့ကတော့ ပိတောက်ပင်ရှားပါးတာမို့ မသိနိုင်ဘူး။ အညာမှာဆိုရင်တော့ ဒီလိုမိုးနဲ့ဆိုရင် အချိန်မဟုတ် အခါမဟုတ် ပိတောက်ပန်းတွေ ပွင့်ကုန်ကြတော့မှာပဲလို့လေ။ မနက်လင်းတော့လည်း အချိန်မဟုတ် အခါမဟုတ် ကျွန်တော်အစောကြီးနိုးနေတာပေါ့ဗျာ။ အဲဒါကြောင့်လည်း ဒီဘလော့ဂ်ပို့စ်ကို အချိန်မဟုတ် အခါမဟုတ် အစောကြီးပဲ တင်ပေးလိုက်ပါတယ်။ ညကမိုးက အတော်သည်းတယ်ထင်ထားမိတာ၊ ဒီမနက်ထွက်လာတော့ မိုးရေတင်နေတာတောင် မတွေ့ရဘူး။ ရွာထားခဲ့တာ ဟုတ်မှဟုတ်ရဲ့လားတောင် သံသယဖြစ်မိတယ်။ ဖုန်သိပ်တယ်ဆိုရုံပါပဲ။ ဒါပေမယ့် အရင်လို အိုက်စပ်စပ်ကြီးမဟုတ်ဘဲ လေထုက အေးမြနေတာကတော့ သတိမထားမိဘဲ မနေနိုင်အောင်ဆိုပါတော့။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၀ ရက်၊ စနေနေ့။
နံနက် ၆ နာရီ ၅၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment