သူတောင်းစားတစ်ဦးသည် လမ်းသွားလမ်းလာတစ်ဦးထံမှ ငွေနည်းနည်းပေးရန် တောင်းပါသည်။ သူသည် ဆာလောင်လွန်းသဖြင့် အစာဝယ်စားရန် ငွေတောင်းခံခြင်း ဖြစ်ပါသည်။ ထိုအခါ ဖြတ်သွားသူက "မင်းသောက်ချင်ရင် ငါမင်းကို အရက်တိုက်မယ်" ဟု ပြောပါသည်။
"ကျွန်တော် ဘယ်တုန်းကမှ အရက်မသောက်ပါဘူးခင်ဗျာ" ဟု သူတောင်းစားက ပြောပါသည်။
"အဲဒီလိုဆိုရင် မင်းသောက်ဖို့ ဆေးလိပ်ဝယ်ပေးမယ်" ဟု ဖြတ်သွားသူက ပြောပြန်ပါသည်။
"ကျွန်တော်က ဆေးလိပ်လည်း မသောက်ပါဘူး၊ ကျွန်တော်လိုချင်တာက စားစရာပါ" ဟု သူတောင်းစားက ရှင်းပြပါသည်။
"ဒီနေ့ ငါ့မှာ မြင်းလောင်းဖို့အတွက် အတိတ်နံပါတ်ကောင်း ရထားတာရှိတယ်။ အဲဒီနံပါတ်ကို လောင်းတဲ့နေရာမှာ ငွေနည်းနည်းထည့်ပြီး မင်းအတွက် ထည့်လောင်းပေးမယ်၊ ပေါက်ရင် မင်းငွေတွေ အများကြီးရမှာ" ဟု ဖြတ်သွားသူက ထပ်မံအဆိုပြုပြန်ပါသည်။
"ကျွန်တော်က လောင်းကစားတာမှာ ၀ါသနာမပါသလို ယုံလည်းမယုံပါဘူး။ ကျွန်တော်လိုချင်တာက စားစရာပါ" ဟု သူတောင်းစားက သူလိုချင်သည်ကို ထပ်မံရှင်းပြပါသည်။
"အေးလေ... ဒီလိုဆိုရင် မင်း ငါနဲ့အတူ တို့အိမ်ကို လိုက်ခဲ့ပါ၊ ငါနဲ့အတူ ညစာအတူတူ စားကြတာပေါ့။ ငါ့ဇနီးနဲ့ မင်းကို တွေ့ပေးချင်ပါတယ်။ အကြောင်းလည်း ရှိပါတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ လောင်းကစားခြင်း မရှိသူတစ်ဦး ဘယ်လိုနေရတယ်ဆိုတာ သိအောင်ပြချင်လို့ပါ" ဟု ထပ်မံ ရှင်းပြလိုက်ပါသည်။
Monday, March 15, 2010
နမူနာ
Quote
[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေးအတွေးစာစုများ မှ ပြန်လည်ကူးယူဖော်ပြပါသည်]
Posted by Ko Nyan Posted Time 9:20 AM
Labels စာအုပ်မှတ်စုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment