သတင်းစာတွင် ရုပ်ပြောင်ကာတွန်းရေးသော ကာတွန်းရေးဆရာတစ်ဦးသည် အပျော်စမ်းသပ်သည့်အနေဖြင့် အသိမိတ်ဆွေ ၂၀-ဦးထံသို့ ကျပန်းစနစ်ဖြင့် စာ ၂၀ ပို့ခဲ့ဖူးပါသည်။ သံကြိုးစာတွင် ပါဝင်သော အကြောင်းအရာမှာ "ချီးကျူးပါတယ်" ဟူ၍သာ ဖြစ်ပါသည်။ အခြားဘာမှ မပါဝင်ပါ။
သူ သိသလောက် သူသံကြိုးစားပို့ထားသူ တစ်ဦးတစ်ယောက်မျှ၊ တကယ်ချီးကျူးလောက်အောင် ထူးထူးခြားခြား လုပ်ကိုင်ထားခြင်း မရှိပါ။ သို့သော် ချီးကျူးသည့် သံကြိုးစာကိုရသူတိုင်းက ထိုသို့ ချီးကျူးစကား ကြားရသည့်အတွက် ကျေးဇူးတင်ကြောင်း ကာတွန်းဆရာထံ စာပြန်ရေးပါသည်။ လူတိုင်းသည် တစ်စုံတစ်ခု ပြုလုပ်ခဲ့သည်မှာ သေချာပါသည်။ ထိုလုပ်ငန်းအတွက် သူတို့ကိုယ်သူတို့ ချီးကျူးထိုက်သည်ဟု ယူဆနေကြသည်မှာ ထင်ရှားလှပါသည်။
Msgr. Aurthur Tonne
[ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]
No comments:
Post a Comment