(ဟောလီးဒေးသည် ရုံးပိတ်အနားယူရက် ဖြစ်ပါသည်။ ဟိုးလီးဒေးသည် စိတ်ထားမြင့်မြတ်စွာ ကျင့်ကြံအားထုတ်သည့်နေ့မြတ် ဖြစ်ပါသည်။)
- ဟောလီးဒေးတွင် ကျွန်ုပ်တို့သည် အလုပ်တာဝန်မှ ကင်းဝေးရာ ရှောင်ပြေးပါသည်။
- ဟိုးလီးဒေးတွင် အလုပ်တာဝန်များကို တမင်ရင်ဆိုင်ဖြေရှင်း ကျင့်ကြံအားထုတ်ပါသည်။
- ဟောလီးဒေးတွင် ကျွန်ုပ်တို့သည် စိတ်ကို အလုပ်အာရုံမှ ကင်းရှင်းအောင်နေပါသည်။
- ဟိုးလီးဒေးတွင် ကျွန်ုပ်တို့သည် စိတ်ကို စည်းနှင့် ထိန်းကျောင်းကွပ်ကဲပါသည်။
- ဟောလီးဒေးတွင် စိတ်ကို ပေါ့ပါးလွတ်လပ်စွာ ထားတတ်ပါသည်။
- ဟိုးလီးဒေးတွင် စိတ်ကို ပြည့်ဝလာအောင် ဖြည့်ဆည်းပါသည်။
- ဟောလီးဒေးတွင် စိတ်ထဲမှာ လိုချင်တာတွေရအောင် ရှာကြံပါသည်။
- ဟိုးလီးဒေးတွင် စိတ်ထဲမှာ ရှိအပ်တာတွေကို ရှာဖွေဖြည့်ဆည်းပါသည်။
- ဟောလီးဒေးတွင် အာရုံခံအပြောင်းအလဲ အမျိုးမျိုးကို ခံစားပါသည်။
- ဟိုးလီးဒေးတွင် စိတ်နှလုံးသား အာဟာရအပြောင်းအလဲကို ခံစားကြပါသည်။
- ဟောလီးဒေးသည် ကျွန်ုပ်တို့၏ ရုပ်အာရုံတို့ကို အလိုလိုက် ဖြည့်ဆည်းပေးပါသည်။
- ဟိုးလီးဒေးသည် နှလုံးသားအာဟာရ ပြည့်ဝစေပြီး၊ စိတ်ကို ရင့်ကျက်တည်ငြိမ်စေပါသည်။
Robbi Sidney Greanberg
[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေးအတွေးစာစုများမှ ပြန်လည်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment