Friday, March 05, 2010

Totalitarianism (အလုံးစုံ အာဏာပိုင်ဝါဒ)


အာဏာရှင်စနစ် (authoritarianism or dictatorship) နှင့် ရောထွေးသုံးနှုန်းလေ့ရှိသော စကားလုံးဖြစ်သည်။ သဘောသွားမှာ အတူတူဖြစ်သော်လည်း totalitarianism သည် နိုင်ငံရေးအနေအထားတစ်ခုကို ဖော်ပြခြင်းဖြစ်သည်။ အလုံးစုံအာဏာပိုင်ဝါဒသည် အုပ်စိုးသူများက တိုင်းပြည်တစ်ပြည်အတွင်းရှိ လူတစ်ဦးချင်းတို့၏ ဘ၀များကို အစစအရာရာ ထိန်းချုပ်ထားခြင်းဖြစ်သည်။ တိုင်းရေးပြည်မှု ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းသူပြည်သားများ၏ ဆန္ဒကို လုံးဝဖော်ထုတ်ခွင့် မရှိချေ။ ဆိုဗီယက်ပြည်ထောင်စုတွင် စတာလင်စိုးမိုးခဲ့ချိန်ကို အလုံးစုံအာဏာပိုင်ဝါဒ ကျင့်သုံးချိန်ဟု ခေါ်ဆိုနိုင်သည်။ အုပ်စိုးသူက အာဏာကို အသုံးပြုပုံပြုနည်းကိုထောက်ရှု၍ totalitarianism ဖြစ်ခြင်း မဖြစ်ခြင်းကို အကဲဖြတ်နိုင်သည်။ မီဒီယာအားလုံးကို ချုပ်ကိုင်ထားခြင်း၊ ပညာရေးစနစ်ကို စိတ်တိုင်းကျပုံသွင်းခြင်း၊ လူမှုရေး၊ အားကစားနှင့် အခြားဖျော်ဖြေမှုများ အပါအ၀င်တို့ကို ထိန်းချုပ်ထားခြင်း စသည်တို့သည် totalitarianism ၏ လက္ခဏာချက်များ ဖြစ်သည်။ အလုပ်အသမားအဖွဲ့အစည်းများ ဖွဲ့စည်းထားသော်လည်း ဦးဆောင်ပါတီက လုံးဝလမ်းညွှန်လျက်ရှိသည်။

မောင်ဝံသ - ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန်
ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၉)
မတ် ၄-၁၀၊ ၂၀၁၀
စာမျက်နှာ - ၁၂

No comments:

Post a Comment

 
Web Statistics