အရင်ဆုံးနိဒါန်းစကားတော့ ဆိုဦးမှရမယ်ဗျ။ ဒီပို့စ်ကို တင်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းခံကို ပြောပြချင်တာပါ။ ကျွန်တော့်ကို စိန်ပန်းနီတွေ ဓာတ်ပုံရိုက်ပေးတဲ့ ညီငယ်ကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။ သူရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကျွန်တော့်ကိုပေးဖို့အတွက် Folder တစ်ခု Share ပေးရတာပေါ့။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ စိန်ပန်းနီကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဆိုတာ ကျွန်တော်မသိဘူး။ Folder လေးတစ်ခု Share ပေးတာ အဲလောက်တောင် ကြာရသလားဆိုပြီး ဓာတ်ပုံဆရာညီငယ်က ကျွန်တော့်ဘေးကို ရောက်လာတယ်။ ကျွန်တော်က စိန်ပန်းကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဆိုတာ မေ့နေတဲ့အကြောင်းပြောတော့ ကျေးဇူးရှင်ကရယ်တယ်။ ပြီးတော့ အားမနာလျှာမကျိုး “အစ်ကိုက တုံးကိုတုံးလွန်းတယ်တဲ့။ ဘာမှမဟုတ်တဲ့ဟာကို စဉ်းစားနေတယ်” တဲ့။ စိန်ပန်းများ ဘာခက်လို့လဲ၊ Diamond Flower ပေါ့တဲ့။ အမယ်လေး... မြတ်စွာဘုရား၊ တော်လှချည်လား ငါ့ညီရယ်လို့ပဲ အော်လိုက်ချင်မိတယ်။ စိန်ပန်းနီဆိုတော့ Red Diamond Flower ပေါ့တဲ့။ ပြောတတ်လိုက်တာနော်။ သူကတော့ စရင်း၊ နောက်ရင်း ပြောလိုက်တာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ်မှန်း သိနေတော့ အောင့်သက်သက်ကြီး ဖြစ်ရတာပေါ့။ အမှန်ကိုလည်း စဉ်းစားလို့မရတော့ လတ်တလော ဓာတ်ပုံတွေရဖို့အရေး သူပြောတဲ့အမည်နဲ့ပဲ Folder Name ပေးလိုက်ရတာပေါ့။
အခန်းပြန်ရောက်တော့ ပထမဆုံးလုပ်ဖြစ်တဲ့အလုပ်က စာအုပ်လှန်ပြီး စိန်ပန်းကို ဘယ်လိုခေါ်သလဲ ရှာရတာပါပဲ။ ဘယ်စာအုပ်မှာပါတယ်၊ ဘယ်နေရာမှာ ပါတယ်ဆိုတာကို သိနေတော့ ချက်ချင်းတွေ့ပါတယ်။ အမယ်လေး... ခက်လိုက်တာ။ နောက်လည်း မှတ်မိမယ် မထင်ပါဘူး။ စိန်ပန်းကို "Gold Mohur" လို့ ခေါ်ပါသတဲ့။ တော်တော့်ကို ခက်ခက်ခဲခဲကြီးပါဗျာ။ နောက်ပြီးတော့ အဲဒီအမည်နဲ့ပဲ အခြားသောပန်းတွေကိုလည်း ယေဘုယျခြုံပြီး ခေါ်သေးသဗျ။ ထားပါတော့ဗျာ။ စိန်ပန်းနီမို့ Red Gold Mohur လို့ ခေါ်လို့ရမလားလို့ လိုက်ရှာကြည့်တော့လည်း အဆင်မပြေဘူးဗျ။ ဒါပေမယ့် Yellow Gold Mohur လို့တော့ စိန်ပန်းဝါကို ရည်ညွှန်းတာ တွေ့ရတယ်။
ထားလိုက်ပါတော့ဗျာ။ ဒါကနည်းနည်းရှင်းပြတာပါ။ အခုတော့ ပန်းတွေနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကို တင်ပေးထားပါတယ်။ လူသိများတဲ့ ပန်းတွေနဲ့ဆိုင်တဲ့ စကားလုံးတွေကိုပဲ ရွေးထုတ်ထားကြောင်းပါ။ အချို့ပန်းတွေက ရင်းနှီးသလိုလို ရှိပေမယ့် အင်္ဂလိပ်လို ဖတ်လိုက်ရတဲ့အချိန်မှာ သူစိမ်းပြင်ပြင် ဖြစ်သွားတာမျိုးလည်း တွေ့ရတယ်။ အချို့ပန်းအမည်တွေကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း မကြားဖူး၊ မမြင်ဖူးတဲ့အတွက် ထည့်မရေးပေးလိုက်တာပါ။ လူတိုင်းအတွက် မဟုတ်ရင်တောင် အချို့သော လိုအပ်နေသူတွေ အတွက်တော့ဖြင့် အဖိုးတန်ကောင်းရဲ့၊ အကျိုးရှိကောင်းရဲ့လို့ မျှော်လင့်မိကြောင်းပါ။
၁။ | ကံ့ကော် | mesua ferrea |
၂။ | ကညွတ်ပန်း | peri winkle flower |
၃။ | ကြက်ရုန်းပန်း | arabian jasmine |
၎။ | ခရေပန်း | star flower |
၅။ | ခွါညိုပန်း | clematis |
၆။ | ခေါင်ရမ်းပန်း | hibiscus (shoe flower) |
၇။ | ခေါင်းလောင်းပန်း | morning glory |
၈။ | ခိုင်ရွှေဝါ | golden rod |
၉။ | ဂမုန်း | johnquil |
၁၀။ | ဂန္ဓမာပန်း | chrysanthemum |
၁၁။ | ဂေါ်သဇင် | porana spectablis |
၁၂။ | ငုဝါ | cassiafistula |
၁၃။ | စကားဝါ | yellow champac |
၁၄။ | စန္ဒကူးပန်း | sandal wood flower |
၁၅။ | စိန်ပန်း | gold mohur |
၁၆။ | ဆောင်တော်ကူးပန်း | verbena (vervain) (birdal boquet) |
၁၇။ | ဆပ်သွားဖူးပန်း | screw pine flower |
၁၈။ | ဆိတ်ဖလူးပန်း | coral jasmine |
၁၉။ | ဇလပ်ပန်း | rhododendron |
၂၀။ | ဇီဇ၀ါပန်း | gardenia |
၂၁။ | ဇော်မွှားပန်း | carnation (pink flower) |
၂၂။ | ဇွန်ပန်း | small jasmine |
၂၃။ | ဒေါန | warmwood plant, absenth |
၂၄။ | ဒေါင်းဖန်ဝါပန်း | zinnia |
၂၅။ | နွယ်သာကီပန်း | oleander |
၂၆။ | ပုဏ္ဏရိပ် | ixora |
၂၇။ | ပိတောက် | gumkino flower (padauk) |
၂၈။ | ပုန်းညက်ပန်း | alexandrian laurel |
၂၉။ | ဗုဒ္ဓံသရဏံပွင့် | canna |
၃၀။ | ဗေဒါပန်း | hyacinth |
၃၁။ | မေမြို့ပန်း | aster flower |
၃၂။ | မိုးမခပန်း | salitetrasperma |
၃၃။ | မြတ်လေးပန်း | star ipomea |
၃၄။ | ရွက်လှပန်း | garden croton |
၃၅။ | ရွှေပန်း | yellow gingerlily |
၃၆။ | လက်ပံပွင့် | bombax malabaricum |
၃၇။ | လုမ္ဗနီအင်ကြင်း | shore robusta |
၃၈။ | သဇင်ပန်း | bulbophyllum auricolum |
၃၉။ | သပြေပန်း | eugenia |
၄၀။ | သော်က | golden shower, amherstia |
၄၁။ | သဇင်ပန်း | bulbophyllum auricomum |
၄၂။ | သရဖီပန်း | callophyllum amoenum |
၄၃။ | သခွတ်ပန်း | trumpet flower |
၄၄။ | သစ္စာပန်း | tiger lily (gladiolus) |
၄၅။ | တမာပန်း | azadirachtaindica flower |
Thanks a lots. I am looking for it and it is very helpful.
ReplyDeleteLet me add some flowers to the list.
ခတ္တာ -Crinum amoenum
ရင်ခတ်ပန်း -Gardenia coronaria ( I think same as ဇီဇ၀ါပန်း )
မြတ်လေးပန်း or မုလေး -Spanish jasmine
ရင်းမာ -Chukrassia tabularis
ခဝဲပန်း -ridged gourd
ပေါက်လဲပန်း - ?
thanks u
Deleteတစ်ကယ်ကိုအသုံးဝင်ပါတယ်......ကျေးဇူးတင်ပါတယ်
ReplyDeleteရင်ခတ်ပန်းကို ဘယ်လိုခေါ်လဲရှင့်
ReplyDeleteမိုးမခပန်း၏ သိပ္ပံအမည်နှင့် ပုံလိုချင်ပါသည်
ReplyDelete