Thursday, June 24, 2010

ဆက်ဆံရေးတာဝန်များ (ယဉ်ကျေးမှု) (ကစားစဉ်၌ ယဉ်ကျေးခြင်း)


  1. ကစားသောအခါ စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းမျိုးများကိုသာလျှင် ကစားရာ၏)။
  2. ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သောစိတ်ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။ (တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ ကစားခြင်းကို ပြုရာသည်)။
  3. အပျော်အရွှင် အနိုင်အရှုံး ကစားခြင်း၌ အရှုံးအနိုင်ကို ပဓာနမထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။
  4. ကစားရာ၌ ၀မ်းသာဝမ်းနည်းခြင်းကို ထင်ရှား မပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သို့ပင် ရှုံးသောပွဲကိုလည်း စိတ်မပျက်ဘဲ ကစားရာ၏)။
  5. အငြင်းအခုန်ဖြစ်လျှင် တစ်ဖက်သားဆန္ဒ ပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပါ။ အငြင်းမသန်ပါစေနှင့်။
  6. ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။
  7. ဒိုင်လူကြီးမရှိလျှင် အသင့်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။
  8. ကစားစဉ် မတော်တဆ ထိခိုက်မိလျှင် အပြစ်မယူပါနှင့်၊ တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။
  9. မိမိကလည်း မရည်ရွယ်ဘဲနှင့် ဤသို့ပြုလုပ်မိတတ်သည်ကို သတိပြုပါ။
  10. ကြမ်းတမ်းသောစကား၊ ကြမ်းတမ်းသော အပြုအမူတို့ကို အလျဉ်းမသုံးပါနှင့်။ (ရှုံး၍ ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမူဖြစ်၏)။

No comments:

Post a Comment

 
Web Statistics