Tuesday, June 01, 2010

မငိုနဲ့ကွယ် - သီလဝ


အိုအေအေ အမေချော့လို့
တိတ်ပါတော့မယ့်သည်းချာ
ခိုပြာခိုဖြူနဲ့
တကူကူဂျိုးတွေ ရောက်ပါလို့
မိတ္ထီလာကန်တော်အောက်ဆီက
ဖားကောက်ဖို့အမေမှာ။

အေအိုအိုကြောင်ကြီးက
အမြီးခပ်တိုတို
မေ့သားကိုလာ၍ကိုက်ပါလိမ့်
မေရိုက်မယ် မောင်မငိုနဲ့
ဒီကြောင်အို အဆီစားပါလို့
အသားကို သူမျိုတတ်တယ်ကွဲ့
ရပ်တော့အသာ။

အိုအေအေ ပါးပြင်နုမှာလ
ပုလဲဥမျက်ရည်ယို
သည်တိုင်းသာ အငိုဆက်ရင်ဖြင့်
ခက်လေပြီ သည်တမိမှာတော့
ကလေးတွေ ဘယ်မှာရှိလေဘိ
သိချင်လှ စိတ်မကြည်
ဘယ်ဆီမှာမရှာအား။

အေအိုအို အသာပိုက်ပါလို့
ရွှေနို့ချို အမေတိုက်မယ်ကွဲ့
ငိုရှိုက်ကာ မောင်မနေနဲ့
ကလေးတွေပြန်လာရောက်ခါမှ
စားသောက်ရင် ချိုချဉ်လှိုင်၍
နှစ်ယောက်ပြိုင်အတူချော့မယ်ကွဲ့
တိတ်တော့မေ့သား။

[၁၂၆၉ ခုနှစ်၊ နယုန်လဆုတ်၊ ဂန္ထလောက၊ အတွဲ-၁၉၊ အမှတ်-၁၁၃ မှ]
မှတ်ချက်ဦးသန့်ရေးခဲ့သောကဗျာ ဖြစ်သည်။
Monitor သတင်းဂျာနယ်
အတွဲ (၁)၊ အမှတ် (၄)၊ ၂၀၁၀၊ မေ ၃၀
မျက်နှာဖုံးမှ

No comments:

Post a Comment

 
Web Statistics