မှတ်ချက်။ ဗိုလ်လုပွဲတွင် စပိန်အသင်းနှင့် နယ်သာလန်အသင်းတို့ မိနစ် ၉၀ အတွင်း သရေကျနေသဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရာ စပိန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ စပိန်အသင်းအတွက် အနိုင်ဂိုးကို ကွင်းလယ်လူ အင်နီယေစတာက ပွဲချိန် ၁၁၆ မိနစ်၌ သွင်းယူပေးခဲ့သည်။ တတိယနေရာအတွက်မူ ဂျာမနီအသင်းက တောင်အမေရိကထိပ်သီး ဥရုဂွေးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မှတ်ချက်။ ရွှေဘောလုံးဆုအတွက် ဥရုဂွေးအသင်းကို တတိယလုပွဲသို့ရောက်အောင် ဦးဆောင်ကစားနိုင်ခဲ့သည့် ဒီယေဂိုဖော်လန်အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၃၁ နှစ်သား ဖော်လန်သည် မည်သူမျှ ထင်မှတ်မထားသည့် ဥရုဂွေးအသင်းကို ဆီမီးဖိုင်နယ်အထိရောက်အောင် ဆွဲခေါ်ခဲ့ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဥရုဂွေးအသင်း၏ ပွဲစဉ်တိုင်းတွင် သူမတူအောင် ခြေစွမ်းပြကစားခဲ့မှုများကြောင့် အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု) ကို ရရှိခဲ့ခြင်းဟု သုံးသပ်မိပါသည်။ ဟော်လန်အသင်းကို ဗိုလ်လုပွဲအထိရောက်အောင် အဆုံးအဖြတ်သွင်းဂိုးများ၊ အကောင်းဆုံး ဂိုးဖန်တီးမှုများဖြင့် ကူညီနိုင်ခဲ့သော စနိုက်ဒါအား ငွေဘောလုံးဆုနှင့် စပိန်အသင်း၏ နိုင်ပွဲများအတွက် အဖိုးတန်ဂိုးများကို သွင်းယူပေးခဲ့သည့် ဒေးဗစ်ဗီလာအား ကြေးဘောလုံးဆု ပေးအပ်ခဲ့သည်။ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီ၊ ရှဝိန်းစတိုင်ဂါ၊ ရော်ဘင်၊ အိုဇီးလ်၊ အဆာမိုဂီယန်တို့မှာမူ ဆုရရှိခဲ့ခြင်း မရှိဘဲ ဆန်ခါတင်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ကြရသည်။
မှတ်ချက်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် (၅)ဂိုးစီ သွင်းယူထားကြသည့် မူလာ (ဂျာမနီ)၊ ဗီလာ (စပိန်၊ ဖော်လန် (ဥရုဂွေး) နှင့် စနိုက်ဒါ (နယ်သာလန်) စသည့် ကစားသမား (၄)ဦး တူညီနေခဲ့သော်လည်း ဂိုးရအောင်ဖန်တီးပေးနိုင်မှုတွင် မူလာက (၃)ကြိမ်ဖြင့် အမှတ်အများဆုံးရကာ ရွှေဖိနပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
ကိုးကား -
FIFA Website
No comments:
Post a Comment