Tuesday, July 06, 2010

နှမထွေး မယ့်ကိုလိုလျှင် - အမည်မသိရှေးစာဆို


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့လေ၊ နှမထွေးမယ့်တို့အိမ်ကို၊ သိလိုချင်မူ၊ နတ်ခရိုင်နှင့်၊ ဈေးဆိုင်နှင့်။ အိမ့်တောင်ကမူ၊ ကြက်သွန်ခင်းနှင့်၊ ရေတွင်းနှင့်။ အိမ့်မြောက်ကမူ၊ စပါးလင်နှင့်၊ ဒန်းပင်နှင့်။ အိမ့်နောက်ကမူ၊ မိတ်သလင်နှင့်၊ ချင်းပင်နှင့်။ မိတ်သလင်နှင့်၊ ချင်းကိုလိုလျှင်၊ ၀ါဆိုငယ်မှဝါဦး၊ မြေနူးနူးကို၊ တူးလှဲ့ပရှင်။ မိတ်သလင်နှင့်၊ ချင်းကိုမလို၊ နှမထွေး မယ့်ကိုလိုလျှင်၊ တပေါင်းငယ်မှတန်ခူး၊ ရွှေဖီဦးကို ခူးလှဲ့ပရှင်။ အလို အပျိုဖြူ၊ သူနှင့်ဆုံသည်၊ ဂုံချိုကုံးငယ်နှင့်၊ ဆောင်လုံးညီးလေး။

No comments:

Post a Comment

 
Web Statistics