အဖိုးတန်ဝတ်စုံဝတ်ထားတဲ့ အသက်ကြီးကြီး စင်ကာပူအမျိုးသားကြီးတစ်ယောက်ဟာ တန်းစီနေတဲ့ သူ့ရှေ့က ဖိလစ်ပီနိုအမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားတယ်တဲ့။ လူချင်းတွန်းတိုက်မိသွားလို့ အမျိုးသမီးက မကျေမနပ်ပြောတဲ့အခါ အဲဒီ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ကြိမ်းမောင်းတော့တာပဲတဲ့။ နောက်ဆုံးစကားကတော့ နင်တို့ အလကားလာရှုပ်နေတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်လို့ ပြောတာဖြစ်တယ်တဲ့။ ဖိလစ်ပီနိုအမျိုးသမီးဟာ ကလေးလေးချီပြီး တန်းစီတဲ့ထဲက ထွက်သွားရရှာတယ်တဲ့။
ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းတဲ့ စင်ကာပူလူကြီးရဲ့ အပြုအမူဟာ ယဉ်ကျေးတဲ့ နိုင်ငံကြီးသား မပီသကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားတွေအပေါ် အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးပြီး ရိုင်းပြတဲ့ စင်ကာပူသားတွေအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့တယ်။ နိဂုံးချုပ်မှာ သူရေးလိုက်ပုံက ဒဿနဆန်တယ်။ ဘယ်လိုလဲဆိုတော့ "ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်ရတာကတော့ ကလေးလေး ချီထားတဲ့ မိန်းမသားတစ်ယောက်ကို အဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအ၀င် မည်သူကမှ ၀င်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာဖြစ်တယ်။ ၀င်ရောက်ဟန့်တားဖို့ မ၀ံ့ရဲခဲ့ကြတာ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်" လို့ ရေးထားတာပဲဗျ။
အဲဒီပေးစာရှင်ရဲ့ စိတ်ထားလေးကို သဘောကျလွန်းလို့ ကျွန်တော်က စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သမီးဆီကို "ဂျီတော့" ပြောတဲ့အခါ ဒီအကြောင်း ထည့်ပြောလိုက်တယ်။
သမီးက အဲဒီတော့မှ သူ့အနားမှာရှိတဲ့ သတင်းစာကို ပြန်ဖတ်ကြည့်ပြီး ဘယ်လိုပြန်ပြောလဲဆိုတော့ အဲဒီ ပေးစာရေးသူဟာ စလုံးတစ်ယောက် ဖြစ်မယ်လို့ လုံးဝမထင်ဘူးတဲ့။ ကလေးလေးနဲ့ ဖိလစ်ပီနို အမျိုးသမီးက ပြန်ပြောလို့ သိရတဲ့ သူတို့လူမျိုး တစ်ယောက်သော်လည်းကောင်း၊ အဲဒီအချိန်က တန်းစီနေတဲ့ထဲမှာ ရှိနေတဲ့ စလုံးမဟုတ်သူ တစ်ယောက်ယောက်သော်လည်းကောင်း ဖြစ်ရမယ်လို့ တစ်ထစ်ချပြောတယ်။ ဘာကြောင့်လဲဆိုတော့ သမီးရဲ့ အတွေ့အကြုံအရ အဲသလို နိုင်ငံခြားက အလုပ်လာလုပ်နေသူတွေကို လူလူချင်း စာနာထောက်ထားတဲ့စိတ်နဲ့ ရှုမြင်တဲ့ စလုံးဆိုလို့ တစ်ယောက်မှ မတွေ့ဖူးလို့ပါပဲတဲ့။
သမီးပြောတာတွေရော၊ ကျွန်တော့်ကိုယ်တွေ့ရော ပေါင်းစပ်ပြောရရင်ဖြင့် စင်ကာပူအတော်များများဟာ မျက်နှာထားကိုက အပြောင်းအလဲများတာ တွေ့ရတယ်။ အရှေ့တောင်အာရှက သူတို့ဆီ အလုပ်လာလုပ်နေသူတွေကို ဆက်ဆံရာမှာ အလွန်မောက်မှာ ရိုင်းပြတယ်။ ဥရောပတို့ အမေရိကန်တို့က လာပြီးအလုပ်လုပ်နေသူ အဖြူတွေကိုကျတော့ ဖင်လျက်ဆားဖြူး လုပ်လိုက်ကြတာ လွန်ရောပဲ။
စင်ကာပူသားတွေ အခုဖြစ်နေပုံက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဂျပန်တွေနဲ့တူတယ်။ ၁၉၇၆ ခုမှာ ကျွန်တော် ဂျပန်ကို လေ့လာရေးသွားခဲ့ဖူးတယ်။ ၁၉၇၇ မှာ နောက်တစ်ခေါက် ထပ်ရောက်တယ်။
ကျွန်တော်ထိတွေ့ခဲ့ဖူးတဲ့ ဂျပန်တွေထဲက အများစုဟာ အမေရိကန်ကို အရမ်းအထင်ကြီးတယ်။ ကျန်အာရှတိုက်သားတွေကို အထင်သေးတယ်။ ကိုရီးယားတွေကိုကျတော့ ချိုးချိုးနှိမ်နှိမ်ကို ဆက်ဆံတယ်။ (မကြာခင် တောင်ကိုရီးယားက သူတို့ကို မယိုးမစွဲ လိုက်ယှဉ်လာတော့တာပါပဲ) ကျွန်တော်နဲ့ နည်းနည်းရင်းနှီးသွားတဲ့ ဂျပန်အရာရှိတစ်ယောက်ကို ခင်ဗျားရုပ်ရည်က ရုတ်တရက်ကြည့်ရင် ကိုရီးယားလူမျိုးနဲ့ တူတယ်နော်။ ခင်ဗျားတို့က နိုင်ငံချင်းကပ်နေသလောက် ရုပ်ချင်းလည်း ဆင်တယ်လို့ ပြောမိတာနဲ့ စိတ်ဆိုးသွားလိုက်တာ လန့်တောင်လန့်တယ်။ ဂျပန်တစ်ယောက်ကို ကိုရီးယားနဲ့ တူတယ်လို့ပြောတာ အဲဒီဂျပန်ကို မစင်ထုပ်နဲ့ ပေါက်သလိုပဲလို့ သူကပြောတယ်။ ကျွန်တော့်မှာ တောင်းပန်လိုက်ရတာ အာကိုပေါက်ရော။
စင်ကာပူတွေက ခုမှ နီပွန်တွေနောက်က လိုက်တာ။ ဒါပေမယ့် တူတော့မတူပါဘူး။ ဂျပန်က လူဦးရေ ၁၂၇ သန်းကျော်၊ စင်ကာပူက ၄ သန်းခွဲလောက်ပဲ ရှိတယ်။ ၁၉၆၅ ကျမှ စင်ကာပူဟာ တိုင်းရယ်ပြည်ရယ်လို့ ဖြစ်လာတာ၊ သို့ပေမယ့် ခေါင်းဆောင် လီကွမ်ယူက အကွပ်အညှပ်ကောင်းလို့ စီးပွားတက်လာခဲ့တယ်။ စီးပွားရေး ကောင်းလာတော့ အိမ်နီးချင်းတွေက အလုပ်လာလုပ်ကြတယ်။ ပထမတော့ သူတို့ဆီမှာ ပရော်ဖက်ရှင်နယ်တွေ ရှားပါးလို့ နိုင်ငံခြားသားတွေကို ကြိုဆိုတယ်။ ပျော်အောင်ထားတယ်။ နောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံသားတွေကို ဘက်ကန်တယ်။ သူတို့ဆီမှာ မနေချင်အောင် စိတ်ညစ်အောင် လုပ်တယ်။ နောက်တော့ မနေနိုင်အောင် လုပ်လာကြတယ်။
သတင်းစာထဲမှာပါတဲ့ ပေးစာရေးသူဟာ စင်ကာပူမဖြစ်နိုင်ဘူးလို့ ကျွန်တော့်သမီးက ယူဆတာက အဲဒီစာထဲပါတဲ့ အတွေးအခေါ်မျိုးဟာ စလုံးတွေအတွက် မြင့်လွန်းနေလို့ပါတဲ့။ မိမိရှေ့မှာ မတော်မတရား ပြောဆိုပြုမူနေတာကို မဟန့်တားဘဲ လက်ပိုက်ကြည့်နေရင် အဲသလို ကြည့်နေသူဟာလည်း အပြစ်မကင်းဘူးဆိုတဲ့ အယူအဆဟာ တကယ်ယဉ်ကျေးတဲ့ နိုင်ငံကြီးသားစိတ်ဓာတ် လူကြီးလူကောင်းစိတ်ဓာတ် ဖြစ်တယ်လို့ နားလည်ထားကြတာကိုး။
စင်ကာပူမှာ ခုနဘတ်စ်ကားဂိတ်မှာ ဖိလစ်ပီနိုအမျိုးသမီး ခံလိုက်ရသလို စော်ကားမော်ကား ဆက်ဆံခံရတဲ့ ဘ၀တူတွေ အများကြီးပါ။ မြန်မာလူငယ်တွေကတော့ ချန်ဂီလေဆိပ် စရောက်ကတည်းက အဲသလိုမျိုးတွေ ဆက်ဆံခံရတာပါပဲလို့ ဆိုပါတယ်။ အဲဒီသတင်းမျိုးတွေကြားရင် ကျွန်တော်တို့ကတော့ ကိုယ့်ပြည်တွင်းမှာ စင်ကာပူလို လုပ်ခလစာပေးနိုင်တဲ့ လုပ်ငန်းတွေ များများပေါ်လာပါစေလို့ပဲ ဆုတောင်းတယ်။ ကျွန်တော်တို့ဆီမှာ ဘာလို့မဖြစ်နိုင်ရမှာလဲ။ မဝေးတော့တဲ့ ကာလအတွင်း မုချဖြစ်လာရမယ်လို့ပဲ ကြုံးဝါးနေမိပါတယ်။
အဲဒီလိုကြီးလူစားတွေကြီးပဲလည်း မဟုတ်ပါဘူး..ကောင်းတဲ့လူတွေလည်းရှိပါတယ်...
ReplyDeleteကောင်းတဲ့စင်ကာပူလူမျိုးတွေ အများကြီးတွေ့ဘူးပါတယ်...
လူတစ်ယောက်ကောင်းတယ်..မကောင်းဘူးဆိုတာ လူမျိုးပေါ်မှာ မူတည်တယ်လို့ မထင်ပါဘူး...
လူတစ်ယောက်ချင်းပေါ်မှာပဲ မူတည်တယ်လို့ထင်ပါတယ်....
လူတစ်ယောက်ကောင်းတယ်..မကောင်းဘူးဆိုတာ လူမျိုးပေါ်မှာ မူတည်တယ်လို့ မထင်ပါဘူး...
ReplyDeleteလူတစ်ယောက်ချင်းပေါ်မှာပဲ မူတည်တယ်လို့ထင်ပါတယ်....
လူတစ်ယောက်၇ဲ့ဆံဆက်ေ၇းကောင်းတယ် မကောင်းဘူးဆိုတာက လူမျိုးပေါ်မှာမမူတည်ဘူးလို့ထင်ပါတယ် .... phillipino တွေကိုလည်းအဲဒီအဖြစ်အပျက်တစ်ခုတည်းကိုကြည့်ပီး ကောင်းပါတယ်လိုပြောဆိုလို့မရဘူး ..လူတယောက်ချင်းစိတ်ဓါတ် ခံယူချက်ပေါ်မူတည်တယ်လို့ထင်ပါတယ် .... စလုံးတိုင်း မကောင်းသလို.. phillipino တိုင်းလည်းမကောင်းဘူး ... စလုံးမှာေ၇ာက်နေကျတဲ့မြန်မာလူမျိုးတွေကိုကောကောင်းတယ်လို့ဘယ်သူပြောနိုင်ပါသလဲ အားလုံးကောင်းပါတယ်လို့ဘယ်သူပြောလဲ...ေ၇ာက်လာတဲ့ကိုယ်နဲ့ခင်မင်၇င်းနှီးတဲ့လူကိုတောင် ၇ိုင်းပင်းကူညီမှုမ၇ှိတဲ့အပြင် အပြစ်တင်ပြောဆိုနေတဲ့မြန်မာတွေမှအများကြီးပါဘဲ... ကိုယ်ပြည့်တွင်းကိုပြန်ပြီး စင်္ကာပူနိုင်ငံမှာ လုပ်သလို၇တဲ့လခမျိုးပေးနိုင်တဲ့အလုပ်မျိုးဆိုတာ ၇နိုင်ဖို့မဝေးဘူး ဆိုတာကမသေချာတဲ့လမ်းကိုလျှောက်နေ၇တာပါ...
ReplyDeleteစလုံးတိုင်းမကောင်းတာမဟုတ်ပါဘူး...
ReplyDeleteစိတ်ထားကောင်းတဲ့ သဘောဖြူတဲ့ စလုံးတွေလည်းတွေ့ ဖူးပါတယ်...
အနည်းစုပေါ့.... သေချာတာက စလုံးမှာရောက်နေတဲ့ မြန်မာတိုင်းလည်းမကောင်းပါဘူး... တစ်ယောက်မကောင်းတာနဲ့ တစ်မျိုးလုံးမကောင်းဘူးလို့ ပြောလို့ တော့မရပါဘူး...
တရုပ်လူမျီုးဟာ လူမျီုးရေး ၀ါဒကိုရှေ့တန်းတင်တဲ့လူမျိုးပါ၊ တရုပ်လူမျိုးကို ကောင်းတယ်လို့မပြောနှိုင်တာတော့အမှန်ပါ။ ဆက်ဆံလို့ အလုပ်လုပ်ကိုင်လို့ အလုပ်ရှင်နဲ့အလုပ်သ္မား အပေးအယူတရားမျှတမှုရှိတာလောက်ကိုကြည့်ပြီး စလုံးတွေ(အထူးသဖြင့် တရုပ်တွေ)ကိုကောင်းတယ်လို့ထောက်ခံနေတဲ့သူဟာ
ReplyDelete(၁)သူဌေးပြောသမျှ yes sir,yes sir ဆိုတဲ့သူ
(၂)သူပေးသမျှယူမယ် ကျွေးသမျှစားမယ် ဆိုတဲ့သူ
(၃)အလယ်ကနေအမြဲလိုက်နေတဲ့ သူ
(၄)တွေ့တဲ့သူနဲ့သင့်အောင်ပေါင်း ဆိုတဲ့ဆောင်ပုဒ်ကိုက်ုင်ထားပြီးအလုပ်ထဲမှာ လူတကာကို မျက်နှာချိုသွေးပြီး
အလုပ်ခန်းရဲ့ သန့်ရှင်းရေးကိုပါလုပ်နေသူ...စသော စသော
မိမိရဲ့ အားနည်းချက်များစွာကို ဖုံးကွယ်ဘို့အတွက် ဘုရားထူးနေတဲ့ လူမျိုးဖြစ်မယ်ဆိုရင် စင်္ကာပူလူမျဲိး(တရုပ်)ကောင်းမယ်လို့ပြောကြမှာပါ။
ကျုပ်လဲ၁၉၉၈ထဲက စင်္ကာပူမှာနေလာတဲ့သူပါ၊လက်ရှိလဲ ကုမ္မဏီတစ်ခုရဲ့အရေးပါတဲ့ ရာထူးမှာလုပ်နေတဲ့သူပါ။
နောက်နှစ်ပေါင်း ၂၀လောက်မှာ မျိုးဆက်သစ်သူဌေးရဲ့်သားသ္မီးတွေက သူတို့မိဘနေရာ ဆက်ခံခဲ့ရင်တော့ နဲနဲကောင်းသွားမယ်ထင်တယ်။
အထက်ကအဖြစ်အပျက်မျိုးက ဖြစ်နေကြ တွေ့နေကြမို့မဆန်းတော့ပါဘူး။
တော်ပြီး စိတ်ထားမြင့်မြတ် သူ ဟာ သူတစ်ပါး မကောင်းကွက် ကို မကြည့်ဘဲ စိတ်ထားမကောင်း သူကိုတောင် ကောင်းတဲ့ဖက်ရောက် အောင် ဆွဲအောင် နိုင်ပါတယ်။
ReplyDeleteမိမိ ကိုယ်ကို သာ ကောင်းအောင် အလုပ်မှာ တိကျ မှန်ကန် နိုင်အောင်၊ အချင်းချင်း ဖေးမ စိတ်ရှိအောင် ကြိုးစားပါ။ ဘယ်သူ ဘယ်နိုင်ငံကြီးသား က မှ မနှိမ် ဘဲ လေးစားစွာ ဆက်ဆံပါတယ်။
တကယ်တော့ လူမျိုး ဆိုတာနဲ့ ဘာမှ မဆိုင်ပါ။
"စင်ကာပူအတော်များများဟာ မျက်နှာထားကိုက အပြောင်းအလဲများတာ တွေ့ရတယ်။ အရှေ့တောင်အာရှက သူတို့ဆီ အလုပ်လာလုပ်နေသူတွေကို ဆက်ဆံရာမှာ အလွန်မောက်မှာ ရိုင်းပြတယ်။ ဥရောပတို့ အမေရိကန်တို့က လာပြီးအလုပ်လုပ်နေသူ အဖြူတွေကိုကျတော့ ဖင်လျက်ဆားဖြူး လုပ်လိုက်ကြတာ လွန်ရောပ"ဲ။
ReplyDeleteAbsolutely right!
သူဌေးပြောသမျှ yes sir,yes sir လုပ်၊ သူများပေးသမျှယူ ကျွေးသမျှစားပြီး အလယ်ကနေအမြဲလိုက်၊ တွေ့တဲ့သူနဲ့သင့်အောင်ပေါင်း ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ထားပြီး အလုပ်ထဲမှာလူတကာကို မျက်နှာချိုသွေး
ReplyDeleteအလုပ်ခန်းရဲ့သန့်ရှင်းရေးကအစ လုပ်ရင်း၊ မိမိရဲ့ အားနည်းချက်များစွာကို ဖုံးကွယ်ဘို့အတွက် ဘုရားထူးရင်းကနေ.. ကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့ ရာထူးဆိုတာကြီးကို ရလာပုံရတဲ့ ကိုမှတ်ကျောက်ရေ.. လူမျိုးရေးခွဲခြားမှု မရှိပဲ မျှမျှတတ နှလုံးသွင်းတတ်ပါစေ
ဘယ် စလုံးရော ဆလိမ်ရော ဘက်ကမှ လိုက်ပြောတာ မဟုတ်ပါဘူး။ နာစရာလည်း ကိုယ်နဲ့အနေသာကြီး။ ဒါပေမယ့် အပေါ်မှာ မျှမျှတတ တွေးပြီး ကောမန့်မှာ ပြေရာပြေကြောင်း ပြောနေတာကို မြန်မာအချင်းချင်း စကားနဲ့ အသားလွတ် စော်ကားတာခံလိုက်ရတဲ့ မြန်မာလူမျိုးတွေဘက်ကတော့ နာတယ်ဗျို့။
စကားမစပ် အကျွန်ုပ်လည်း ဧရာမကုမ္ပဏီကြီးတစ်ခုက CEO ကြီး ဖြစ်ပါကြောင်း (ကြုံတုန်း ခပ်တည်တည်နဲ့ ကြွားမှ၊ ဟုတ်လား မဟုတ်လား ဘယ်သူသိတာမှတ်လို့)
သူဌေးပြောသမျှ yes sir,yes sir လုပ်၊ သူများပေးသမျှယူ ကျွေးသမျှစားပြီး အလယ်ကနေအမြဲလိုက်၊ တွေ့တဲ့သူနဲ့သင့်အောင်ပေါင်း ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်ထားပြီး အလုပ်ထဲမှာလူတကာကို မျက်နှာချိုသွေး
ReplyDeleteအလုပ်ခန်းရဲ့သန့်ရှင်းရေးကအစ လုပ်ရင်း၊ မိမိရဲ့ အားနည်းချက်များစွာကို ဖုံးကွယ်ဘို့အတွက် ဘုရားထူးရင်းကနေ.. ကုမ္ပဏီတစ်ခုရဲ့ အရေးပါတဲ့ ရာထူးဆိုတာကြီးကို ရလာပုံရတဲ့ ကိုမှတ်ကျောက်ရေ.. လူမျိုးရေးခွဲခြားမှု မရှိပဲ မျှမျှတတ နှလုံးသွင်းတတ်ပါစေ။
ဘယ် စလုံးရော ဆလိမ်ရော ဘက်ကမှ လိုက်ပြောတာ မဟုတ်ပါဘူး။ နာစရာလည်း ကိုယ်နဲ့အနေသာကြီး။ ဒါပေမယ့် အပေါ်မှာ မျှမျှတတ တွေးပြီး ကောမန့်မှာ ပြေရာပြေကြောင်း ပြောနေတာကို မြန်မာအချင်းချင်း စကားနဲ့ အသားလွတ် စော်ကားတာခံလိုက်ရတဲ့ မြန်မာလူမျိုးတွေဘက်ကတော့ နာတယ်ဗျို့။
စကားမစပ် အကျွန်ုပ်လည်း ဧရာမကုမ္ပဏီကြီးတစ်ခုမှ CEO ကြီး ဖြစ်ပါကြောင်း (ကြုံတုန်း ခပ်တည်တည်နဲ့ ကြွားမှ၊ ဟုတ်လား မဟုတ်လား ဘယ်သူသိတာမှတ်လို့)
ကျမ Singapore မှာနေပါတယ်။ အလုပ်အကိုင်ကတော့ full time mother and housewife ပါ။ ကျမရဲ့ အလုပ်သဘာဝအရ ကျင်လည်ရတဲ့ပတ်ဝန်းကျင်က ကျောင်း၊ ဈေး၊ စားသောက်ဆိုင်၊ shopping center,စာအုပ်ဆိုင်,ကလေးကစားကွင်း၊ ပန်းခြံ၊ ရုပ်ရှင်ရုံ၊စာကြည့်တိုက်၊ ဘဏ်၊ KFC ဆိုင်၊ pizza ဆိုင်၊ community center, အားကစားရုံ၊ ရေကူးကန်၊ ကျူရှင်(စလုံးကျူရှင်၊မြန်မာကျူရှင်) ဆံပင်ညှပ်ဆိုင်(စလုံးဆိုင် နဲ့ မြန်မာဆိုင်) discount ပွဲတော်၊ car park,ဘတ်(စ)ကားဂိတ်နဲ့ဘတ်(စ)ကားပေါ်၊ ဘူတာရုံနဲ့ရထားပေါ်၊ Taxiပေါ်, ထီဆိုင်၊ စသဖြင့်ပေါ့လေ။ အဲဒီပတ်ဝန်းကျင်တွေက ရတဲ့အတွေ့အကြုံတွေအနေနဲ့ ဆိုရင်တော့ စလုံးလူမျိုး(တရုတ်၊ မလေး၊ တမီး (လ်))တွေမှာ လူငယ်တော်တော်များများသည် ယဉ်ကျေးကြပါသည်။ ဘေးပတ်ဝန်းကျင်နဲ့ဘာမှမဆိုင်သလို ဘာသိဘာသာ နေတတ်ပါသည်။ လူလတ်ပိုင်းများတွင် အများစုမှာ အလွန် aggressive (မြန်မာလိုတိတိကျကျမရေးတတ်ပါ)ဖြစ်ပါသည်။အလွန်ဟန်ကြီးပန်ကြီးနိုင်ပါသည်။ဖော်ရွေမှုဆိုတာ သူတို့နဲ့လားလားမျှမဆိုင်သလိုပါပဲ။ ကံကောင်းစွာပဲ ကျမမှာ ခင်စရာကောင်းတဲ့ ခလေးကျောင်းကြိုဖော် Singaporean အမျိုးသမီးမိတ်ဆွေရှိပါတယ်။လူကြီးပိုင်းကို Singapore အစိုးရက senior citizens တွေဆိုပြီး အထူးဦးစားပေးထားတာတွေရှိပါတယ်။ ဘတ်(စ)ကား၊ ရထား တွေပေါ်မှာသူတို့အတွက်နေရာသီးသန့်ဖယ်ထားပေးထားတာမျိုး။ လမ်းကူးတဲ့အခါမှာလည်း လူကူးမျဉ်းပေါ်မှာ အချိန်ကြာကြာနဲ့ အေးအေးဆေးဆေး ဖြတ်သွားလို့ရအောင် လုပ်တားပေးတာမျိုး၊ ဘတ်(စ)ကားခကို လျော့ပေးထားတာမျိုး စသဖြင့် အခြားနေရာတွေမှာလဲ နည်းမျိုးစုံစွာနဲ့သက်တောင့်သက်သာအိုနိုင်အောင်၊သေနိုင်အောင် လုပ်ထားပေးပါတယ်။ မြန်မာပြည်တွင် public service ပေးနေကြသော တာဝန်ရှိသူလူကြီးမင်းများ အလွန်လေ့လာသင့်ပါတယ်။ ဆိုလိုတာက အခုလိုအခွင့်အရေးပေးထားတာတွေကိုခံစားနေကြတဲ့လူကြီးအများစုသည် နေရာတိုင်းမှာဦးစားပေးခံချင်ကြပါတယ်။ မြင်ဘူးတာ၊ကြုံဘူးတာပြောရရင် သည်းခံစိတ်လည်းအလွန်နဲပါးပါတယ်။ စိတ်မရှည်မှုတွေ၊ အသေးအဖွဲတောင် ခွင့်မလွှတ်နိုင်မှုတွေဟာ သူတို့မျက်နှာမှာ ပေါ်နေပါတယ်။ သားအရွယ်၊မြေးအရွယ်ဘဲရယ်လို့ ဂရုဏာထားတတ်တဲ့ ချစ်စရာကောင်းတဲ့ အဖိုးအဖွား ပုံစံမျိုးတွေ အရမ်းရှားပါတယ်။ ကံကောင်းထောက်မစွာပဲ ကျမတို့ရဲ့မျက်နှာချင်းဆိုင်အခန်းက အဖွားနဲ့ ကျမ ဟင်းတွေ အပြန်အလှန်လဲစားပါတယ်။ ထီလဲအတူတူသွားထိုးကြပါတယ်။
ReplyDelete(ကျမရဲ့ အတွေ့အကြုံကနေ ပေးတဲ့မှတ်ချက်တွေပါ။)
ကိုဥာဏ်သို့
ReplyDeletecomment နှစ်ခါထပ်သွားလို့ Anonymous said ကိုဖျက်လိုက်ပါနော်။
ကျေးဇူးအထူး
(၁) ကိုယ့်ကို နှိမ်တယ်၊ ရိုင်းတယ် လို့ ထင်တာ ကိုယ့်စိတ် အခံ ပေါ်မှာ အများကြီး မူတည်ပါတယ်။ သူများ မကောင်းတဲ့ အမူအကျင့် ကို သိရင် ကိုယ် လိုက်မလုပ် ဖို့ ဘဲလိုပါတယ်။ ဒါတွေဟာ လူတွေ ရဲ့ နဲ့ EQ or EI (Emotional Intelligence) သာ ဆိုင်ပါတယ်။ ဘယ်လူမျိုး ဘဲဖြစ်ဖြစ် EI မြင့် နေရင် သဘောထားကြီး ကြတာပါဘဲ။ ရိုင်းသူလို့ ထင်သူ ကို ကိုယ် က ပြန်ရိုင်းရင် တော့ အရိုင်း သံသရာ လည်နေပါ့မယ်။ အများစုဟာ နဂို ရိုင်းချင်လို့ မဟုတ်ဘဲ ပါတ်ဝန်းကျင် က လွှမ်းမိုး ရင်း စရိုက် လို ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ရိုင်းတယ် ထင်သူ ကို ကိုယ်က သဘောထားကြီး ပေးခြင်းဖြင့် သူ့ကို တင်မက ပါတ်ဝန်းကျင်ကို ပါ ယဉ်ကျေး လာစေနိုင်ပါတယ်။
ReplyDelete(၂) မိဘ၊ ဆရာ သမား နဲ့ ကိုယ့်ကျေးဇူးရှင် တိုင်း ကို ရိုသေ လေးစား ရတာ ယဉ်ကျေးပြီး ချစ်ဖို့ကောင်းတဲ့ မြန်မာ့ဓလေ့ပါ။ မိမိ ရဲ့ အလုပ်ရှင် ဆိုတာ မိမိ ထမင်းရှင် ဘဲဆိုတာ ကျေးဇူးတရား နားလည်သူတိုင်း လက်ခံမှာပါ။ ရိုသေတာနဲ့ ဖားတာ တစ်ခြားဆီပါ။ အလုပ်ရှင် ပြောသမျှ ခေါင်းငြိမ့် ရမယ် မဟုတ်ပါ။ အလုပ်သဘောအရ သူ နဲ့ ယဉ်ကျေးစွာ အပြန်အလှန် ငြင်းခုံ ဆွေးနွေးနိုင်ပါတယ်။ ကိုယ့်စိတ် အခံကောင်းကြောင်း သူသိနေရင် ပြီးတာပါဘဲ။
(၃) အလုပ်ရှင် ကျ အတင်း ရိုသေပြပြီး ကိုယ့် အောက်လူ ကို ရိုင်း ရင် ဒါဟာ မကောင်းတဲ့စိတ်ဓာတ် ပါ။ အလုပ်ရှင် ကို ရိုသေ ရမှာ ရှက် စရာ မလို သလို ကိုယ့်ရုံးက သန့်ရှင်းရေးသမား ကို လဲ ရိုသေ လေးစား ပြတာ ရှက်စရာ မဟုတ်ပါ။ ဒါဟာ မှန်ကန် ဖြောင့်မတ် တဲ့သဘောကို ပြပါတယ်။
သြော်..ဘကျောက်နှယ် TZA ကိုသွားဖဲ့တာကိုးဗျ...
ReplyDeleteAnonymousရေ
ReplyDelete(စကားမစပ် အကျွန်ုပ်လည်း ဧရာမကုမ္ပဏီကြီးတစ်ခုက CEO ကြီး ဖြစ်ပါကြောင်း (ကြုံတုန်း ခပ်တည်တည်နဲ့ ကြွားမှ၊ ဟုတ်လား မဟုတ်လား ဘယ်သူသိတာမှတ်လို့)
ဆိုတဲ့လေသံနားထောင်ရတာ CEOဆိုတာ Cleaning Engineer Of (toilet)
ထင်တယ် ။