အိပ်မက်အဟောင်းတွေ ၀ယ်တယ်။
အသစ်တွေနဲ့ အလိုက်ပေးလဲတယ်။
မျှော်လင့်ချက်တွေရောင်းတယ်။
ပျော်ရွှင်ခြင်းတွေ အလကားပေးတယ်။
ဝမ်းနည်းခြင်းတွေ အလှူခံတယ်။
အချစ်လား?
ဆောရီး... ဒါလေးကတော့ Not for Sale!
အတွေးစာသား (၂)
There is only 1 way 2 say 3 words 4 you.
That's "I love you".
အတွေးစာသား (၃)
ဘဝဖော်ဆိုတာ...
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။
အတွေးစာသား (၄)
ခွင့်လွှတ်သည်းခံခြင်းတွေဆိုတာ အချစ်မှာ မရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဖက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားနဲ့ ခွင့်လွှတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့ အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။
အတွေးစာသား (၅)
အပြုံးတစ်ခုသည် သင့်ရုပ်ကို ပိုမိုလှပလာစေနိုင်သော ငွေမကုန်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
အတွေးစာသား (၆)
ခေါင်းငုံ့ မနေပါနဲ့... ညစ်ပတ်နေတဲ့ ရွှံ့နွံတွေပဲ မြင်ရမှာပေါ့...။
ခေါင်းမော့လိုက်မှ... ကောင်းကင်ပေါ်က တလက်လက်တောက်ပနေတဲ့ ကြယ်လေးတွေကို မြင်ရလိမ့်မယ်။
အတွေးစာသား (၇)
တိရစ္ဆာန်ဥယျာဉ်က မျောက်တွေများလေ... လုံးဝကို အငြိမ်မနေဘူး။
သစ်ကိုင်းကူးလိုက်၊ သန်းရှာလိုက်နဲ့၊ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်းကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီ။
အတွေးစာသား (၈)
စိတ်ကူးယဉ်တာ ပိုက်ဆံမပေးရပေမယ့် အဲဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့တော့ ပိုက်ဆံပေးရတယ်။
အတွေးစာသား (၉)
U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။
U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်တာပေါ့။
U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။
U Chat I Chat နှစ်ယောက်ချက်တော့ အမြန်ကျက်တာပေါ့။
အတွေးစာသား (၁၀)
မင်းကိုလွမ်းတိုင်းသာ သေနတ်တစ်ချက်ပစ်ရရင် အခုအချိန်ဆို တတိယကမ္ဘာစစ်တောင် ဖြစ်နေလောက်ပြီ....။
အတွေးစာသား (၁၁)
မဆုံနိုင်အောင် ဘယ်လောက်ပဲ ဝေးပါစေ...
တကယ်ချစ်ရင် စိတ်ထဲမှာ အမြဲရှိတယ်။
အတွေးစာသား (၁၂)
မင်းအတွက်တော့ ငါ့နေရာက အစားထိုးတာလွယ်ပေမယ့် ငါ့အတွက်တော့ မင်းနေရာမှာ မင်းတစ်ယောက်ပဲ အမြဲရှိနေတယ်။
အတွေးစာသား (၁၃)
ငါ့ကောင်းကင်မှာ ထွန်းလင်းဖို့အတွက် လမင်းရယ်၊ ကြယ်ရယ် မလိုပါဘူး။
နင်ရှိနေရင် ရပြီ။
အတွေးစာသား (၁၄)
ဂျာမနီရေဘ၀ဲ....
မင်းကို ငါမကျေနပ်ဘူးကွ။
မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်ကိုရှုံးသွားပြီ။
မင်း မြန်မာနိုင်ငံ ရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။ ငါ့အမေက ပင်လယ်စာ မညှီအောင် ချက်တတ်တယ်ကွ။
အတွေးစာသား (၁၅)
ဆန္ဒတွေရှိသည်။
မျှော်လင့်ချက်တော့ မရှိပါ။
သို့သော်... သူ့ကို အလွန်ချစ်ပါသည်။
အတွေးစာသား (၁၆)
တချို့ကတော့ ပြောတာပဲ...
အချစ်ဆိုတာ...
နံပြားဖုတ်နေတဲ့ ကုလားကြီးလက်က အမွှေးတွေနဲ့ တူတယ်တဲ့။
အတွေးစာသား (၁၇)
ပညာရှိအမျက် အပြင်မထွက်ရတဲ့။
စကားစုလေးက လွယ်သလောက် လိုက်နာဖို့တော့ ခက်ပါတယ်။
သင်ရော လုပ်ကြည့်ပြီးပြီလား....။
အတွေးစာသား (၁၈)
မသိမသာ အပြောင်းအလဲတွေကို ဂရုစိုက်မိမယ်ဆိုရင် တကယ်ပြောင်းလဲလာမယ့် အပြောင်းအလဲကြီးမှာ ခံနိုင်ရည် ရှိနိုင်ပါတယ်။
အတွေးစာသား (၁၉)
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။
ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။
ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်တုတွေ ဖြစ်လာပါတယ်။
ဒါကြောင့် သင့်ဘ၀မှာ နာကျင်ခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုး တက်လာလေပါပဲ။
အတွေးစာသား (၂၀)
ဟုတ်ပါတယ်... လုပ်ပါကွယ်... နင်ဘာဖြစ်ဖြစ် ငါချစ်တယ်။
ယုံပါတယ်.. ညာပါကွယ်... နင်လိမ်တာကို ငါသိတယ်။
ဆက်ညာတယ်... ထပ်ခါရယ်... ငါ့ကိုငတုံးလို့ ထင်နေလည်း...
ငါ့ရင်ထဲက အချစ်ကိုတော့ စော်ကားဖို့ နင်မကြိုးစားပါနဲ့။
စာကြွင်း
ဒီအမှတ်စဉ်ကို ကျွန်တော်အရမ်းကို သဘောကျတယ်။ ကိုယ့်ဘာသာကိုယ် စုစည်းထားတဲ့ဟာတွေကို ကိုယ့်ဘာသာကိုယ် သဘောကျတယ်ဆိုတော့ ဖတ်နေတဲ့ခင်ဗျားက မရယ်ရင်တောင် ပြုံးမှာပဲဗျ။ ထားပါတော့လေ။ သဘောကျလို့ ကျတယ်လို့ ပြောမိတာပါ။ အခုဆိုရင် အမှတ်စဉ် (၁၅) အထိတောင် ရောက်လာခဲ့ပါပြီ။ အရင်တင်ပြီးခဲ့တဲ့ ၁၄ ခုကိုကျတော့ သဘောမကျဘူးလားလို့ မေးစရာဖြစ်လာတယ်။ သဘောကျလို့ပဲ တင်ပေးခဲ့တာပါ။ ဒီအမှတ်စဉ်ကတော့ အဲဒါတွေထက် ပိုသဘောကျတယ်။ တွေးတတ်လိုက်ပါပေ့၊ သဘောကျစရာ ကောင်းလိုက်ပါပေ့ဆိုပြီး ထပ်ခါထပ်ခါ ပြန်ဖတ်နေမိတယ်။ ဟိုဟာတွေ့ရင် ကြိုက်လို့ ကူးထားလိုက်၊ ဒီဟာတွေ့ရင် ကြိုက်လို့ ကူးထားလိုက်၊ သူငယ်ချင်းမိတ်ဆွေတွေ ပို့ပေးတာတွေကို သိမ်းထားလိုက်နဲ့ အချောပြန်ပြီး မပြင်ဖြစ်ဘူး။ အဲဒါကြောင့် ရှေ့အမှတ်စဉ်နဲ့ အချိန်ခြားသွားတယ်။ အတွေးတွေကလည်း အခု ၂၀ တောင် ဖြစ်သွားတယ်။ အားပါတရ ဖတ်ကြရတာပေါ့လေ။ ကဲ... မိတ်ဆွေ၊ အမောအပန်းပြေ၊ အပျင်းပြေဖြစ်ဖြစ် ဖတ်ကြည့်ပြီးသွားရင် တစ်ခုခုတော့ ရယ်စရာ၊ မောစရာ၊ တွေးစရာ ကျန်ရစ်ခဲ့ကောင်ပါရဲ့လို့ ယုံကြည်နေမိကြောင်းပါ။ ဂျီတော့ခ်စတေးတပ်မက်ဆေ့ခ်ျတွေ မမေ့မလျော့ ပို့ပေးခဲ့ကြတဲ့ အပေါင်းအသင်းများ အားလုံးကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စကား ဆိုလိုက်ပါကြောင်းခင်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်၊ သောကြာနေ့။
နေ့လည် ၁ နာရီ ၁၆ မိနစ်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်၊ သောကြာနေ့။
နေ့လည် ၁ နာရီ ၁၆ မိနစ်။
အရမ်းကောင်းတဲ့...ပို့စ်..လေးပါလို့..များများရေးပြီး..တင်နိုင်ပါစေရှင်
ReplyDeleteအားပေးနေပါတယ်..