ဗန္ဓုလအကြောင်း၊ ထောင်းထောင်းညက်ကျေ
သိပြီးလေမှ၊ ဝေးမြေရပ်ခြား
တိုင်းတစ်ပါး၏၊ အခြားစစ်သူကြီး
အသီးသီးအကြောင်း၊ သိဖို့ကောင်း၏။
ဦးပုညအကြောင်း၊ ထောင်းထောင်းညက်ကျေ
သိပြီးလေမှ၊ ဝေးမြေရပ်ခြား
တိုင်းတစ်ပါး၏၊ အခြားစာဆို
ထိုထိုအကြောင်း၊ သိဖို့ကောင်း၏။
သို့မှသာလျှင်၊ ကိုယ်ပိုင်အသွင်ကို
မြင်ပြီးကြားပြီး၊ နားလည်ပြီးမို့
တစ်သီးတစ်ခြား၊ တိုင်းတစ်ပါးကို
ကိုးစားလိုစိတ်၊ အထင်ကြီးစိတ်တို့
မှေးမှိတ်ပျောက်ကွယ်၊ ဇာတ်ရည်လယ်(လည်)ကာ
ဘယ်အထင်ကြီးမှု၊ အစုစုမှ
မုချကင်းလွတ် ပေလိမ့်မည်။
ကိုယ်ပိုင်ရတနာ၊ ရှိနေပါလျက်
သူများလက်မှ၊ ၀င်လက်ဖြူဖွေး
ရတနာလေးကို၊ ပြေး၍ခုံမင်
ရမ္မက်ဝင်ပြီး၊ ဂုဏ်တင်မစောပါလေနှင့်။
Saturday, August 07, 2010
ကိုယ်ပိုင်နှင့် အငှား - မြန်မာ့အသံကျော်ဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment