Wednesday, September 15, 2010

ဓမ္မပဒဂါထာ (၆၉)


မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။

မကောင်းမှုသည် ပျားရည်မဟုတ်
အသိဉာဏ်နည်းပါးတဲ့
လူမိုက်ပုဂ္ဂိုလ်ဟာ
ကိုယ်ပြုထားတဲ့
မကောင်းမှုအကုသိုလ်ကံ
အကျိုးမပေးသေးသမျှ ကာလပတ်လုံး
အဲဒီမကောင်းမှုအကုသိုလ်ကံကို
ပျားရည်အရသာလေးလို
ချိုမြိန်ကောင်းမြတ်တယ်လို့
မှတ်ထင်နေရှာပါတယ်။
အချိန်တန် ရင့်ကျက်လို့
အဲဒီ မကောင်းမှု အကုသိုလ်ကံ
အကျိုးပေးတဲ့အခါမှာတော့
အဲဒီလူမိုက်ဟာ
နာကျင်ပင်ပန်းတဲ့
ဆင်းရဲဒုက္ခတွေကိုပဲ
ရရှိခံစားရပါတော့တယ်။

No comments:

Post a Comment

 
Web Statistics