အပင်သည် ကျွန်ုပ်တို့အား
အစားအစာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့်
အ၀တ်အထည်ကို ပေး၏။
အသီး၊ အရွက်၊ အမြစ်၊
အခေါက်၊ သစ်ဥတို့အား
ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သည်။
ထို့အပြင်
မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့
ဖျက်ဆီးခဲ့လျှင်လည်း
ရန်တုံ့ပြန်ခြင်း အလျဉ်းမရှိ
သည်းခံတရားအား ကျွန်ုပ်တို့ကို ပေးပြန်သည်။
ဤသည်ကား
အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင်
ထားရှိသည့်
ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။
မြတ်ဗုဒ္ဓ
*******************
အပင်ရဲ့ကျေးဇူးတွေကို မြတ်စွာဘုရားက ဂုဏ်ပြုချီးမွမ်းခဲ့တဲ့ ကမ္ပည်းစာသားလေးပါ။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ တစ်ဖက်ကမ်း Howa ဟောင်ဝါအရပ်မှာ ကမ္ဘာကျော်ရုက္ခဗေဒ ပညာရှင်ကြီး Rouxburg တည်ထားခဲ့တဲ့ ရုက္ခဗေဒဥယျာဉ်ထဲက ကျောက်စာတိုင်မှာ အထက်ပါစာသားကို အင်္ဂလိပ်လို ထိုးထားတာပါ။ ၁၉၉၀ ခုနှစ်က ကျွန်တော်ရောက်ခဲ့စဉ် မှတ်သားထားခဲ့တာပါ။
No comments:
Post a Comment