ဒေ၀ဒတ် | ကျေးဇူးရှင် ပြစ်မှားသူ |
တေမိ | နှုတ်နည်းသူ |
စူစကာ | အစားကျူးသူ |
မဟော်သဓာ | ဉာဏ်ကြီးသူ |
ဝေဿန္တရာ | အလှူရက်ရောသူ |
ဇောတိက | ချမ်းသာသူ |
မာတင်္ဂ | အတောင်းအရမ်းထူသူ |
အဇာတသတ် | မိဘစော်ကားသူ |
ဝေဿကာရ | ကုန်းခေါ်သူ |
ဦးပုည | အခါပေးသူ |
အညှာ | အချက်အချာဖြစ်သူ |
လေအိုး | စကားပြောလွန်းသူ |
ပိဋကတ်အိုးကွဲ | ပညာရှိဟန်ဆောင်သူ |
ခဲမူးစေ့ | အပြစ်မကင်းစင်သူ |
ခြကောင် | မိမိပိုင်သောပစ္စည်း စားသုံးဖျောက်ဖျက်သူ |
လောက်ကောင် | သစ္စာဖောက်သူ |
ဂြိုဟ်ကောင် | အနှောင့်အယှက်ပေးသူ |
ကပ်စေးနဲ | စေ့ပွတ်စေးနဲသူ |
အခြောက် | မိန်းမရှာ |
ညမွှေးပန်း | ပြည့်တန်ဆာ |
ကြာခိုသည် | ဖောက်ပြန်သည် |
ကြိုးကိုင်သည် | ဦးစီးချယ်လှယ်သည် |
ကောက်သင်းကောက်သည် | အပြီးသတ်စုသိမ်းသည် |
ကျွဲမြီးတိုသည် | စိတ်ဆိုးသည် |
ခေါင်းပုံဖြတ်သည် | ဖြတ်လျှပ်စားသည် |
ခြေရာတိုင်းသည် | တုနှိုင်းသည် |
ခြံခုန်သည် | နယ်ပြောင်းသည် |
ချွတ်နင်းသည် | တိတ်တဆိတ်ဝင်သည် |
ပလ္လင်ခံသည် | တင်ကြို စကားခင်းသည် |
စခန်းသွားသည် | လုပ်ဆောင်သည် |
စက်ပုန်းခုတ်သည် | လျှို့ဝှက်လုပ်သည် |
စန်းပွင့်သည် | ချစ်ခင်သူပေါသည် |
ဇော်ဆွဲသည် | ထူးချွန်သည် |
အိတ်သွန်ဖာမှောက် | အလုံးစုံ |
မျောက်သစ်ကိုင်းလွတ် | မှီခိုမဲ့စွာ |
လိပ်ခဲတဉ်းလဉ်း | မပြီးမပြတ်ဘဲ |
ကရွတ်ကင်းလျှောက် | မဆုံးနိုင်ဘဲ |
တောင်စဉ်ရေမရ | အစီအစဉ်မရှိ |
ခရေစေ့တွင်းကျ | အသေးစိတ်လျက် |
ကရားရေလွှတ် | သွက်လက်စွာပြောခြင်း |
အမျှင်မပြတ် | တဆက်တည်း |
ရေလာမြောင်းပေး | မြှူးကမ်းလမ်းကြောင်းလျက် |
ချီတုံချတုံ | မပြတ်မသားဘဲ |
မီးလောင်လေပင့် | မြှောက်ပင့်လျက် |
ကွင်းလုံးကျွတ် | လုံးဝ |
မတုန်တက်သေး | မလှုပ်မရှားဘဲ |
အာလ၀ိ - အာလ၀ိမောင်ရွှီးကိ တင်စားပြီးပြောခြင်း
ReplyDeleteဘယ်ထဲမှာပါတာလဲတော့မသိပါဘူး အသုံးများလို့ ကွန့်မန့်ရေးလိုက်တာပါ...။