Saturday, September 11, 2010

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဘယ်လို မဲပေးရမှာလဲ


၇-၁၁-၂၀၁၀ တနင်္ဂနွေနေ့၊ ၁၃၇၂ ခု၊ တန်ဆောင်မုန်းလဆန်း ၁ ရက် ရောက်လာပြီဆိုပါစို့။

(၁)
မဲရုံကိုသွား၊ မဲလက်မှတ်ထုတ်ယူ၊ ဆန္ဒမဲပေးရုံပါပဲ။ ပထမ မဲလက်မှတ်မှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းရွေးပြီး တစ်ယောက်ယောက်အမည်ကို အမှန်ခြစ်၊ ခြစ်ပေးရမယ်။ ဒါပဲ၊ ပြီးပြီ။ (ကြက်ခြေခတ်စသည့် ဘာမှမလုပ်နဲ့။ အခြားခြစ်တာ ရေးတာ ပါသွားရင် ပယ်မဲဖြစ်သွားမယ်။)
ကိုယ်စားလှယ်လောင်းအမည်နဲ့ ပါတီတံဆိပ်တွေ မဲကတ်ပြားမှာ ဖော်ပြထားလိမ့်မယ်။
ကိုယ်ကြိုက်တဲ့သူကို လျှို့ဝှက်မဲပေးရုံထဲမှာ လွတ်လွတ်လပ်လပ် ရွေးချယ်ဆုံးဖြတ်ပြီး (checkmark.jpg) အမှန်ခြစ်တစ်ခု ခြစ်ပေးရုံလေးပါပဲ။ ဒါဆို ပြီးပြီ။ မဲပုံး အစိမ်းထဲ ထည့်ခဲ့။

(၂)
နောက်မဲလက်မှတ်တစ်ခု ထပ်ထုတ်ရဦးမယ်။ မိမိတို့မြို့နယ်ကနေ အမျိုးသားလွှတ်တော်ကို တက်ရမယ့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ဆန္ဒပြုပေးရမှာ ဖြစ်တယ်။ ယှဉ်ပြိုင်သူ ၃ ဦး ၄ ဦး (သို့မဟုတ်) ၅ ဦးတို့ရဲ့ အမည်တွေ မဲကတ်ပြားမှာ ပါပြီးသား။
တစ်ခုပဲ၊ မိမိဆန္ဒမဲပေးလိုတဲ့သူရဲ့ ကွက်လပ်မှာ (checkmark.jpg) ခြစ်ပါ။ လျှို့ဝှက်ဆန္ဒမဲပေးခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် ပေးရုံပဲ။ လွယ်ပါတယ်။ ပြီးရင် အပြာရောင် မဲပုံးထဲ ထည့်ခဲ့ပါ။

(၃)
တတိယမဲလက်မှတ်တစ်ခု ထပ်ထုတ်လိုက်ဦး။ ဒါကတော့ မိမိတို့ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးလွှတ်တော် အစိုးရအဖွဲ့အတွက် ရွေးကောက်တင်မြှောက်ဖို့ပဲ။ ကိုယ်စားလှယ်လောင်း ၂ ဦး ၃ ဦးရဲ့ အမည်ပါလိမ့်မယ်။ မိမိ ဆန္ဒမဲပေးချင်သူ အမည်နဲ့ တစ်တန်းတည်းကွက်လပ်မှာ (checkmark.jpg) ခြစ်ပါ။ ခရမ်းရောင် မဲပုံးထဲ ထည့်ရမယ်။

(၄)
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာ ကရင်တိုင်းရင်းသားသား ကိုယ်စားလှယ်တစ်နေရာအတွက် ကရင်လူမျိုးဖြစ်ရင် မိမိက ဆန္ဒမဲပေးပိုင်ခွင့် ရှိနေပြန်ပါသေးတယ်။ ဆန္ဒမဲကတ်ပြား ထုတ်ယူပါ။ ကိုယ်စားလှယ်လောင်းတွေ အနက်မှ တစ်ဦးဦးကို အမှန်ခြစ် (checkmark.jpg) ခြစ်ပြီး စတုတ္ထ မဲပုံးထဲ ထည့်လိုက်ပါ။

(၅)
ရန်ကုန်တိုင်းဒေသကြီးမှာ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်အတွက် ရခိုင်လူမျိုးဖြစ်နေလျှင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသေးဗျာ။ ဆန္ဒမဲကတ်ပြား ထုတ်ယူပြီး မိမိနှစ်သက်သူကို (checkmark.jpg) ခြစ်လိုက်ပါ။ ပဉ္စမမဲပုံးထဲ ထည့်ခဲ့ရပါမယ်။

ကရင်လူမျိုးဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲပုံး ၄ ပုံး ထည့်ရမယ်။ ရခိုင်လူမျိုးဟာလည်း မဲ ၄ ပုံး ထည့်ရမယ်။ ကရင်လည်းမဟုတ်၊ ရခိုင်လည်း မဟုတ်တဲ့ အခြားတိုင်းရင်းသား လူမျိုးများကတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ် ၃ နေရာ အတွက်ပဲ မဲပုံး ၃ ပုံး (အစိမ်း၊ အပြာ၊ ခရမ်းရောင်) ထည့်ပြီးရင် ပြီးပါပြီ။ ရှင်းရှင်းလွယ်လွယ်လေးပါ။

1 comment:

  1. Anonymous8:10 PM

    အောင်မလေးဗျာ မရှုပ်ဘူးလား။
    အိုကေ...
    မဲစာရွက်တွေ အားလုံး (အဖြူထားပါတော့) တရောင်ထဲ ဖြစ်ခဲ့ရင် အစိမ်းအတွက်မဲကို အပြာထဲ ထည့်ခဲ့ရင် ပယ်မဲဖြစ်လိမ့်မယ် ထင်တယ်။ (မဖြစ်ဘူး ဆိုရင်လည်း အစောကြီး ထဲ က မဲတပုံးထဲ ထားမှာပေါ့)

    မဲထုတ်တဲ့ ကောင်တာနဲ့ မဲပုံးတွေကို တလှည့်စီ ( ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် အတွက် မဲပြားထုတ် ၊ ရှေ့မှာ အစိမ်းပုံးအခန်းထား၊ နောက်မှ အမျိုးသားလွတ်တော် ကိုယ်စားလှယ် အတွက် မဲပြားထုတ်၊ အပြာပုံး အတွက် အခန်းထား ) မဟုတ်ဘူး ဆိုရင်လဲ မှားထည့်မိလိမ့်မယ်။

    ကဲ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ။

    ReplyDelete

 
Web Statistics