အမေး။
ဒဏ်ငွေမဆောင်နိုင်ဘဲ ထောင်ကျခံသော် ဒဏ်ငွေအပေါ် တာဝန် ရှိပါသေးသလား။
အဖြေ။
ဒဏ်ငွေမဆောင်နိုင်ဘဲ ထောင်ကျခံသော်လည်း ဒဏ်ငွေဆောင်ရန် တာဝန်ရှိသေးသည်။
[ပီဂျေအယ်လ်ဘီ၊ အောက်၊ စာ ၄၄]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
သူခိုးဖမ်းရန် ထန်းရည်ကို အဆိပ်ခတ်ခြင်းဖြင့် သေစေလျှင် လူသတ်မှု ဖြစ်သလား။
အဖြေ။
သူခိုးဖမ်းရန် ထန်းရည်ကို အဆိပ်ခတ်ခြင်းဖြင့် သေစေလျှင် လူသတ်မှုဖြစ်သည်။
[၁၈၉၇-၀၁၊ အထက်မြန်မာပြည်၊ အတွဲ ၁၊ စာ ၂၉၆]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း နေထိုင်သော ဦးအောင်ထိပ်သည် မိမိ၏ နေအိမ်ခြံဝင်းအတွင်းတွင် ခြင်္သေ့တစ်ကောင်ကို လှောင်အိမ်ဖြင့် မွေးမြူသည်ဖြစ်ရာ ထိုသို့ မွေးမြူခွင့် ရှိပါသလား။
အဖြေ။
မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီက အခါအားလျော်စွာ သတ်မှတ်သော အခြားတိရစ္ဆာန်ကို မွေးမြူခြင်း မပြုရ။
[ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်များ မွေးမြူခြင်းနှင့် သားသတ်ရုံများဆိုင်ရာ နည်းဥပဒေများ၊ ပုဒ်မ ၃၄(ဃ)]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
ကြက်သားသည် ဒေါ်တုတ်၏ ဈေးဗန်းထဲတွင် ရေထိုးထားသော ကြက်သားများ ခင်းကျင်းထားရာ ယင်းပြုလုပ်မှုအတွက် ဒေါ်တုတ်တွင် အပြစ်ရှိပါသလား။
အဖြေ။
မည်သူမျှ ရောဂါစွဲကပ်သည့် တိရစ္ဆာန် အသားကိုဖြစ်စေ၊ လေ သို့မဟုတ် ရေ မှုတ်သွင်းထားသော အသားကိုဖြစ်စေ ရောင်းချခြင်း သို့မဟုတ် ရောင်းချရန် ခင်းကျင်းခြင်း မပြုရ။
[ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဆိုင်ရာ နည်းဥပဒေများ၊ ပုဒ်မ ၃၂]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
ကုန်သည်မောင်ဖြူသည် ကုန်စည်များကို မောင်နီ၏အိမ်တွင် မှားယွင်းထားခဲ့မိသည်။ မောင်နီသည် ကုန်စည်များကို သုံးပစ်လိုက်သည်။
မောင်နီသည် မောင်ဖြူအား ထိုကုန်စည်များအတွက် ပေးချေရန် တာဝန်ရှိသလား။
အဖြေ။
တာဝန်ရှိသည်။
[ပဋိညာဉ်အက်ဥပဒေပုဒ်မ ၇၀]
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
အလုပ်ရှင်တစ်ဦးသည် မိမိထံတွင် အလုပ်လုပ်သွားသော အလုပ်သမား တစ်ဦးကို မိမိထံ၌ အလုပ်လုပ်စဉ်က လုပ်ငန်းနှင့် စပ်ဆိုင်သော လုပ်ပုံလုပ်နည်း လျှို့ဝှက်ချက်များကိုလည်းကောင်း၊ အခြားအခြားသော လုပ်ငန်းပညာ လျှို့ဝှက်ချက်များကိုလည်းကောင်း မိမိနှင့် စီးပွားပြိုင်ဖက်များထံတွင် အသုံးမချရန် ချုပ်ချယ်သော သဘောတူစာချုပ် ပြုလုပ်ခွင့် ရှိသလား။
အဖြေ။
မိမိနှင့် စီးပွားပြိုင်ဖက်များထံတွင် အသုံးမချရန် ချုပ်ချယ်တားမြစ်ခွင့် ရှိသည်။
[Hivae Ltd Vs. Pork Royal Scientific Instrument Ltd & Others, 1945. CH.169]
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
စက်ချုပ်ဆရာတစ်ဦးသည် လက်ထောက်စက်ချုပ်ဆရာက နေရာဒေသတစ်ခုနှင့် အချိန်ကာလတစ်ခုအတွင်း မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ မလုပ်ပါဟု ပြုလုပ်ထားသော သဘာတူချက် စာချုပ်သည် တရားဝင်သလား။
အဖြေ။
မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ မလုပ်ပါဟု ပြုလုပ်ထားသော သဘောတူချက်သည် တရားဝင်သော သဘောတူချက် မဟုတ်ပေ။
အကယ်၍ စက်ချုပ်လုပ်ငန်းကို မလုပ်ရန်အတွက်သာ ပြုလုပ်သော သဘောတူညီချက်ဖြစ်ပါက တရားဝင်နိုင်သည်။
[Ehrman Vs Bartholomew, 1898, ICH.671]
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
အလုပ်ရှင်သည် မိမိထံ၌ အလုပ်လုပ်သော အလုပ်သမားကို မိမိထံ၌ ခိုင်းစေခဲ့သော အလုပ်မျိုးမှတစ်ပါး အခြားအလုပ်မျိုးကို မလုပ်ရဟု ချုပ်ချယ်တားမြစ်သည့်စာချုပ် ပြုလုပ်ခွင့်ရှိသလား။
အဖြေ။
အလုပ်ရှင်သည် မိမိထံ၌ အလုပ်လုပ်သော အလုပ်သမားကို မိမိထံ၌ ခိုင်းစေခဲ့သော အလုပ်မျိုးမှတစ်ပါး အခြားအလုပ်မျိုးကို မလုပ်ရဟု ချုပ်ချယ်တားမြစ်ပိုင်ခွင့် မရှိပေ။
[Bromley Vs. Smith, 1900, 2KB.235]
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
ရည်ညွှန်းဥပဒေ - ပဋိညာဉ်ပုဒ်မ ၂၇
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
အမေး။
မယားဖြစ်သူ၌ ကိုယ်ပိုင်ဝင်ငွေ အလုံအလောက်ရှိပါက မယားစရိတ် ရနိုင်သလား။
အဖြေ။
မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လုံလောက်သည့် အကြောင်းနှင့် လင်ယောက်ျားနှင့် ခွဲခွာနေထိုင်ခြင်းဖြစ်လျှင် စားစရိတ်မှုကို အစဉ်သဖြင့် စွဲဆိုနိုင်သည်။
[မောင်ဆုံ နှင့် မသက်နု၊ ၁၀၊ ဘီအယ်လ်အာရ်၊ စာ ၁၆၆]
No comments:
Post a Comment