သူငယ်ချင်း
ပညာရွှေအိုး
လူမခိုးလို့
အဘိုးနှုတ်က၊ ဆုံးအမကို
အစက ငါ မယုံပါ၍
ဆယ်တန်တစ်ထုပ်
စာအုပ်တစ်ပုံ၊ အတူပုံ၍
လူပုံအလယ်မှာ၊ ငါ ထားပါ၏
စာအုပ်မခိုး၊ ငွေထုပ်ခိုး၏။
ကျပ်တန်တစ်ထုပ်
ပေထုပ်တစ်ပုံ၊ အတူပုံ၍
လူပုံလယ်ဗွေ၊ ငါ ထားလေ၏
ပေထုပ်မခိုး၊ ငွေထုပ်ခိုး၏။
အကြွေတစ်ထုပ်
ပုရပိုက်ထုပ်နှင့်
နှစ်ထုပ်တစ်စုံ၊ အတူပုံ၍
လူပုံလယ်၌၊ ငါ ထားလိုက်၏
ပုရပိုက်မခိုး၊ ငွေထုပ်ခိုး၏။
ပညာရွှေအိုး
လူမခိုးလို့
အဘိုးနှုတ်က၊ အဆုံးမကို
ခုမှယုံတယ် သူငယ်ချင်း။
No comments:
Post a Comment