(၁)
တိုက်တွန်းတဲ့လူတွေကလည်း တိုက်တွန်းကြလေတော့ ရေးတဲ့လူကလည်း
ရေးရတော့တာပေါ့။ ရောက်တဲ့ဒေသက အတွေ့အကြုံတွေကို ရေးပါဦးတဲ့။ အင်း...
သည်းခံ၍သာ ဖတ်ကြလေတော့လို့ပဲ အော်ရတော့မယ် ထင်ပါရဲ့။
(၂)
ကျွန်တော်ရောက်တဲ့ဒေသအကြောင်း ရေးမယ်ဆိုတော့ ဘာရေးရမှန်း မသိဘူး။
ဘာကြောင့်တုန်းဆိုတော့ ဒီဒေသအကြောင်းကို သေသေချာချာ သိမှမသိသေးဘဲကိုး။
မသိဆိုလည်း မလေ့လာဖြစ်သေးဘူးလေ။ မလေ့လာဖြစ်ဆို လေ့လာဖို့ အခြေအနေကလည်း
မပေးသေးဘူး။ အခြေအနေ မပေးဆို ကိုယ့်အလုပ်နဲ့ကိုယ် တစ်နေ့တစ်နေ့
ဘယ်လိုကုန်သွားမှန်းကို မသိဘူး။ အဲဒါကြောင့်ပါ။ အဲဒီတော့ မြင်ရသမျှ၊
ကြုံရသမျှ၊ ကြားရသမျှတွေထဲက အမှတ်ထင်ထင်လေးတွေကို ဝေမျှလိုက်ပါတယ်။
အချိန်ယူပြီး ရေးထားတာမဟုတ်တဲ့အတွက် စာမချောခဲ့ရင် သည်းခံပြီး
ဖတ်ပေးကြပါဦး။
(၃)
ပထမဆုံး ဒီမှာကြုံရတဲ့ အခက်အခဲကတော့ စကားပြောတာပါပဲ။ ကျွန်တော်ပြောတာကို
သူတို့နားလည်ပေမယ့် သူတို့ပြောရင် ကျွန်တော် နားမလည်တာပါပဲ။ ဗမာလို
ပြောနေတာဖြစ်ပေမယ့် ရခိုင်သံနဲ့ ပြောတဲ့ သူတို့စကားကို နားလည်အောင်
အတော်ကြီးကို ကြိုးစားရပါတယ်။ ဥပမာတွေ ပြောပါ့မယ်...
ရေသောက်တယ်ဆိုရင် ........ ရီသောက်တယ်တဲ့။ (ရီကို အနီးစပ်ဆုံး အရီလို့
ဆွဲပြီးတော့ ဖတ်ရမယ်ထင်ပါတယ်)
ရေနွေးကို ........ ရီပူတဲ့
တစ်ကို.... တိုက် တဲ့
နှစ်ကို နှိုက်တဲ့
(အဲဒါကြောင့် ဟိုစကားပေါ်လာတာ ဖြစ်မှာပါ။ လက်ဘက်ရည်တိုက်၊
နို့နှိုက်ဆိုတာပါ။ လက်ဘက်ရည်တစ်ခွက်၊ နွားနို့ နှစ်ခွက်လို့ မှာတာပါ)
(၄)
နမူနာအနေနဲ့ ရေးပြထားတာတွေပါ။ သေသေချာချာ မှတ်မှတ်သားသားနဲ့ ပြုစုပြီး
ရေးပြပါဦးမယ်။ ဒေသန္တရ ဗဟုသုတပေါ့လေ။ အခုတော့ ဒီမျှနဲ့ ကျေနပ်ကြပါဦး။
(၅)
ဟိုနားမည်းမည်း ဒီနားမည်းမည်း ဖြစ်နေတာကိုတော့ မြင်ရတာ တစ်မျိုးကြီးပဲ။
ရခိုင်တွေ စိတ်နာမယ်ဆိုလည်း နာသင့်ပါတယ်လို့ တွေးမိတယ်။ ထင်မှတ်ထားတာထက်
များနေတာကို တွေ့ရတဲ့ကျွန်တော့်အတွက် သက်ပြင်း ခဏခဏ ချမိတယ်။
ဂလိုဘယ်ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ခံရမှာကို သေမလောက် မုန်းသွားမိတယ်။
ဒီကိစ္စဟာ ဂလိုဘယ်နဲ့ မဆိုင်ဘူးလို့ ထင်မိတယ်။ အခြားသော အကြောင်းအရာ
အမျိုးမျိုး ရှိနေပါလိမ့်မယ်။ ရင်မောမိတာတော့ အမှန်ပါပဲ။ မည်းမည်း
မည်းမည်းတွေက ပိုက်ဆံရတဲ့အလုပ် အကုန်လုပ်ကြတယ်ဗျ။
(၆)
ရခိုင်မလေးတွေက အချောအလှလေးတွေပါ။ စကားမပြောတဲ့ အချိန်အထိ
ချစ်စရာကောင်းပါတယ်။ စကားပြောရင်တော့ သူတို့ ဘာပြောမှန်း
ကျွန်တော်နားမလည်တော့တဲ့အတွက် စိတ်ပျက်သွားရတယ်။ စော်ကားတာ
မဟုတ်ပါဘူးနော်။ ချစ်စနိုးတဲ့ နောက်တာပါ။ တော်ကြာ ရည်းစားစကား ပြောမိလို့
သူက ပြန်ကြိုက်ရင်တောင် ကျွန်တော့်ကို "နင့်ကို ငါချိုက်တယ်" ဆိုရင်
ကျွန်တော့်မှာ ဘယ်လိုခံစားရမလဲလို့ တွေးနေမိတယ်။ :P
(၇)
ကဲ... ဒီမျှနဲ့ နားခွင့်ပြုပါဦး။ နောက်များမှ ရေးပါဦးမယ်။ ပြန်လည်
ဝေမျှပါဦးမယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ တနင်္ဂနွေနေ့။
ည ၈ နာရီ ၁၅ မိနစ်တွင်ပြီး၏။
ကိုဥာဏ်ရေ၊ ရခိုင်ပြည်မှာ လက်ဘက်ရည်ပဲ တိုက်နော်ဗျ...ဟားဟားဟား...မြန်မာ့သွေး ပိုင်ရှင်ကြီး ကျော်မကောင်း ကြားမကောင်း ဖြစ်သွားမှာစိုးလို့ဗျို့။
ReplyDeleteကိုညဏ်ရေ အဲဒီဟိုနားမဲမဲ ဒီနားမဲမဲကိစ္စက ပေါ့သေးသေးမဟုတ်ဘူးနော...
ReplyDeleteလူဝင်မှုကြီးကြပ်ရေးမှာဆောင်ပုဒ်တော့ရေးထားတာဘဲ..မြေမြို၍လူမျိုးမပြုန်း
လူမြိုမှ လူမျိုးပြုန်းမယ်ဆိုတာလေ။
ပြီးတော့ အဲဒီလူဝင်မှုကြီးကြပ်ရေးက ကောင်တွေဘဲတရားဝင်ဖြစ်အောင်လုပ်ပေးနေတာ...
သေချာတာကတော. ရခိုင်စစ်စစ်မှန်ရင် အဲ.ဒီမည်းမည်း မည်းမည်းတွေနဲ.လုံးဝ သွေးအနှောမခံဘူးဆိုတာပါဘဲ။
ReplyDeleteအားမနာတမ်းပြောရရင် မည်းမည်း မည်းမည်းတွေကို “တယောက်”လို.တောင် မသုံးနှုံးဘူး။ “တယောက်”အစားဘယ်လိုသုံးနှုံးတယ်ဆိုတာတော. တွေးသာကြည်.ပါတော.။
ကိုဉာဏ်
ReplyDeletepost ဘယ်လောက်တိုတို ဖတ်ရတာနဲ့ကို ကျေနပ်ပါတယ်။ ဒါပေမဲ့ နံပါတ် ၅ အပိုဒ်ကို တော့ သိပ်ဘ၀င်မကျလှဘူး ။ နောက်နောင် ဒီ issue နဲ့ပါတ်သက်ပြီး ရေးမယ်ကြံရင် မရေးခင် ကိုဉာဏ် အရင် သူတို့နေရာဝင်ကြည့် ၊ ၀င်ကြည့်လို့ သူတို့ဘက်ကနေ ရင်မောမိတာတို့၊ သက်ပြင်းချစရာတို့ မရှိရင် ကိုဉာဏ်စိတ်ထဲ ရှိတဲ့အတိုင်းသာရေး။ ကိုဉာဏ့် အလွန်မဟုတ်ဘူး။
ပိုက်ဆံရတဲ့အလုပ် အကုန်လုပ်ကြတယ်ဆိုတာက ပိုက်ဆံ မရတဲ့ အလုပ် မလုပ်ရလို့ပဲ ကျွန်တော် နားလည်ပေးလိုက်ပါတယ်။
လေးစားစွာဖြင့်
ssy
ကိုဥာဏ် ရခိုင်ပြည်ကို ချိုက်တယ် မဟုတ်လား
ReplyDeleteမင်းကိုငါချေ့(ချစ်)တယ်...
ReplyDeleteကျက်သားနဲ့ စားမယ်....
ယေနွေးသောက်မယ်...
လောက်ကျနေတဲ့ ငပိကို ငါကျိုက်(ကြိုက်)တယ်....